ကျွန်တော်မှတ်မိသလောက် အိုအိုင်စီအဖွဲ့ မြန်မာပြည်ကို လာမယ်ဆိုတဲ့ သတင်းထွက်တော့ နိုင်ငံရေးလှုပ်ရှားသူတချို့ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြသေးတယ်။ ကိုအောင်မျိုးဦးခေါ်လို့ ကျွန်တော်သွားခဲ့တယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ကနေ ဆူးလေအထိ ချီတက်ဆန္ဒပြတဲ့ပွဲပါပဲ။ ကိုဝေဠုတို့ ကိုအောင်မျိုးဦးတို့ တခြားသော နိုင်ငံရေးလှုပ်ရှားသူတချို့လည်း ပါကြပါတယ်။ သူတို့တွေကတော့ အဲဒီတစ်ခေါက်ပဲ ဦးဆောင်လိုက်ကြပြီး နောက်ပိုင်းအမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပျောက်သွားကြတယ်။
ကျွန်တော့်အနေနဲ့က လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းလေးတွေကို ဘလော့တွေမှာ ရေးထားတာတွေ ရှိတော့ ပြန်ရှာရတာလွယ်တယ်။ အခု အမျိုးသားရေးလှုပ်ရှားမှုမှတ်တမ်းကို ပြန်ရေးတာလည်း အဲဒါတွေ ပြန်ရှာပြီး ရေးခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ခိုးဝင်ဘင်္ဂလီနဲ့ တိုင်းရင်းသားပြည်သူတွေ လူမျိုးရေးပြဿနာတွေ ပေါ်ပေါက်နေချိန်မျာ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံကို လာမယ်လို့ ဘီဘီစီသတင်းမှာ တွေ့ရတယ်။ ဒီနေရာမှာ အိုအိုင်စီအဖွဲ့ဆိုတာ ဘာလဲသိရအောင် အနည်းငယ်တော့ ထည့်ရေးပြလိုပါတယ်။ အစ္စလာမ်းမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( Islamic Organization of Corporation – OIC) ဖြစ်ပါတယ်။ အစ္စလာမ်းမစ်နိုင်ငံပေါင်း (၅၇)နိုင်ငံ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂ(UN) ပြီးရင် ဒုတိယအင်အားအကြီးဆုံး အဖွဲ့လို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဘီဘီစီသတင်းမှာ ဖော်ပြထားတဲ့ သတင်းအရ အိုအိုင်စီအဖွဲ့ မြန်မာနိုင်ငံလာမယ်။ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးဖို့တိုက်တွန်းသွားမယ်။ ဘင်္ဂလီတွေကို သွားရောက်ထောက်ပံ့မယ်။ ဒီလိုဆိုတော့ ဒီသတင်းကိုဖတ်ပြီး မျက်ရည်ကျမိတယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ဒီလိုလာပြီး လူပါးဝလို့ရမလား။
အဲဒီအချိန်က အင်းစိန်က ကြီးဒေါ်အိမ်မှာ နေပါတယ်။ အနီးစပ်ဆုံး မိတ်ဆွေကတော့ ကိုဝေလင်းအောင်ဖြစ်ပါတယ်။ ကိုဝေလင်းအောင်ဆီ ချက်ချင်းဖုန်းဆက်တယ်။ စိတ်တူကိုယ်တူလည်းဖြစ်လို့ တိုင်ပင်ဖော်ရပါတယ်။ ကိုကြီးရေလို့ အစချီပြီး အိုအိုင်စီအဖွဲ့ လာရောက်မယ့်အခြေအနေကို ပြောပြပြီး ကျွန်တော်ကတော့ ဆန္ဒပြတော့မယ်။ ကန့်ကွက်တော့မယ်။ လုပ်ကို လုပ်တော့မယ်။ သူကလည်း မတားပါဘူး။ လုပ်စေပေါ့။ ဦးနေမျိုးဝေဆီလည်း အကြောင်းကြားတယ်။ သူကလည်း မင်းသဘောပဲတဲ့။
အင်းစိန်မြို့နယ်မှူးရုံးသွားပြီး ငြိမ်းစုစီတင်ပြတော့ မြို့နယ်မှူးက (၅)ရက် ကြိုတင်ရမှာ။ မင်းဟာက (၃)ရက်ပဲ ရှိတော့တယ်တဲ့။ ကျွန်တော်ကတော့ အဲဒီကတည်းက ဒေါသဖြစ်နေတာဆိုတော့ နိုင်ငံတော်က ဒီအဖွဲ့လာမယ်လို့ ၅ရက်ကြိုပြီး သတင်းထုတ်ပြန်ရင် ငါးရက်ကြိုပြီး လာတင်တာပေါ့။ အခုတောင် နိုင်ငံခြားသတင်းက အချိန်မီသိရလို့ သိတာနဲ့ ချက်ချင်းလာတင်တာပဲ။ ကိုဝေလင်းအောင်ကတော့ ပြေပြေပြစ်ပြစ်ပြောဖို့ လက်ကုတ်ပါတယ်။ မြို့နယ်မှူးက တင်ထားခဲ့၊ သတ်မှတ်ချက်နဲ့ မညီတော့ ရချင်မှလည်း ရမယ်၊ အကြောင်းကြားပေးမယ်လို့ ပြောတယ်။
ကျွန်တော်တို့ အိုအိုင်စီအဖွဲ့ကို ကန့်ကွက်မယ်ဆိုတာကိုသိတော့ အမေရိကန်ပြည်ထောင်စုက အမျိုးသားရေးကို အားပေးတဲ့ ကိုလှိုင်ဘွားက မြန်မာနိုင်ငံသားဥပဒေပါအချက်တွေကို ထုတ်နှုတ်ပြောဆိုဖို့၊ ဗီနိုင်းထုတ်ရာမှာ အသုံးပြုသင့်တဲ့ပုံတွေကစ လှမ်းပြီး အကြံပြုပါတယ်။ အခုနောက်ပိုင်းတော့ သူ့ကိုမတွေ့ရတော့ဘူး။
ဦးနေမျိုးဝေက မင်းမှာ အင်အားရှိလို့လား ဆိုတော့ ဘာအင်အားရှိမှာလဲ လိုက်ချင်တဲ့သူလိုက် မလိုက်တစ်ယောက်တည်း ပြမှာပေါ့။ ကိုဝေလင်းအောင်က ဖော့ကန်ရပ်ကွက်ထဲက လူတွေကို လိုက်စည်းရုံးတယ်။ အန်အယ်လ်ဒီထဲက ကျွန်တော့်ကြီးဒေါ်ကိုယ်တိုင်ပါတယ်။ တခြား အန်အယ်လ်ဒီ အဖွဲ့ဝင်တွေလည်း လိုက်ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ အန်အယ်လ်ဒီတွေဟာ အမျိုးသားရေးစိတ်ဓာတ် ရှိကြပါသေးတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုအိုင်စီအချိတ်အဆက် ရသွားချိန်ကြမှ အမျိုးသားရေးကို တိုက်ခိုက်လာကြတာပါ။
တည့်တည့်ပြောရရင် အဲဒီအချိန်က ဗီနိုင်းထုတ်ဖို့တောင် ပိုက်ဆံမရှိပါဘူး။ အကိုတစ်ယောက်က ကျွန်တော့်ကို အကဲခတ်နေတဲ့သဘောရှိတယ်။ ကျွန်တော် အဲဒီကိစ္စလုပ်မယ်ဆိုတော့ ကျွန်တော့်ကို လာပြီးအကြံဉာဏ်တွေပေးတယ်။ အကြံပေးတာတွေကိုလည်း လက်ခံတယ်။ ဒါပေမယ့် ဗီနိုင်းထုတ်ဖို့တောင် ပိုက်ဆံမရှိဘူးဆိုတော့ သူက (၁၀၀၀၀)ပေးသွားတယ်။ ဦးနေမျိုးဝေက မဘသနဲ့ ချိတ်ဖို့ပြောတယ်။ မဘသ အဖွဲ့ကြီးကလည်း အဲဒီအချိန်က တိုင်းနဲ့ ပြည်နယ်က လူတွေကို ခေါ်ပြီး သင်တန်းတွေ ပေးနေတယ်လို့ ကြားတယ်။ အင်းစိန်ရွာမကျောင်းထဲသွား သင်တန်းလာတက်နေတဲ့ ကရင်ပြည်နယ်ဘက်က အကိုတွေနဲ့ တွေ့တယ်။ သူတို့ကလည်း ဗီနိုင်းဖိုး ၅သောင်း လှူလိုက်သေးတယ်။ ကျွန်တော်လည်း ဆန္ဒမပြမီ တက်နိုင်သမျှ လှုံ့ဆော်ရေးသားပါတယ်။ အဲဒီမှာ ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်က -
လူလိုတွေး ၊ လူလိုကျင့်ပြီး ၊ ဗုဒ္ဓအသိုက်အဝန်းလေးကို
အမျိုးဖြုတ်ဖို့ အစွမ်းမထုတ်ပါနဲ့ ၊ ရှင်သန်ခွင့်ပေးပါလို့
ကမ္ဘာ့ကုလသမဂ္ဂကြီးကို ၊ တောင်းဆိုလိုက်ပါတယ်။
ကျုပ်တို့အဝန်းအဝိုင်းကို ၊ ကျုပ်တို့မှာ ကာကွယ်ခွင့်ရှိတယ်
မပြင်နိုင်ဘူး နိုင်ငံသား ဥပဒေ။
ကျုပ်တို့ ယဉ်ကျေးမှု ၊ ကျုပ်တို့ ကာကွယ်ခွင့်ရှိတယ်
မလာပါနဲ့ OIC ။ ။
၉-၁၁-၂၀၁၃ မှာ ရေးခဲ့တာဖြစ်ပါတယ်။
ဆန္ဒမပြခင် ညနေပိုင်းမှာ အင်းစိန်မြို့နယ်မှူးက ဖုန်းဆက်ခေါ်လို့ သွားကြတယ်။ မြို့နယ်မှူးက သူကတော့ ခွင့်ပြုချက်ပေးလို့ မရဘူးလို့ပြောတယ်။ မရလို့ မရဘူး။ ကျွန်တော်ကတော့ ဆန္ဒပြမှာပဲ ပြန်ပြောတယ်။ ကျွန်တော်တို့က ငြိမ်းစုစီ စထွက်ကတည်းက မင်္ဂလာဒုံ၊ ထောက်ကြံ့မှာ လယ်သမားကိစ္စ ပထမဆုံး ဆန္ဒပြခဲ့တာလည်း ကျွန်တော်တို့တွေပါပဲ။ ဥပဒေကိုတော့ လုံးစေ့ပတ်စေ့ လေ့လာမထားဘူး။ ရဲမှူးက "ကျွန်တော် ခွင့်ပြုလို့ မရဘူး။ ဥပဒေအရ တိုင်းရဲမှူးဆီမှာ အယူခံတင်လို့ရတယ်။ သူပေးရင်ရတယ်။" လို့ ပြောလာတော့ ဘယ်ရုံးမှာ သွားတင်ရမှာလဲ မေးတော့ ရန်ကုန်အစိုးရအဖွဲ့ရုံး (ပြည်သူ့ရင်ပြင်ရှေ့)။
ကိုဝေလင်းအောင်နဲ့ ကျွန်တော် ညမိုးချုပ်မှ သွားကြရတယ်။ အဲဒီရောက်တော့ သတင်းထောက် လုပ်တုန်းက မျက်နှာတန်းမိနေတဲ့ ထလရနိုင် အဖွဲ့တွေကို တွေ့တယ်။ အဲဒီကိစ္စလာတင်တာပါ ဆိုတော့ သူတို့က စာရွက်တစ်ရွက်မှာ ရေးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတယ်။ တင်ထားခဲ့ရပြီတဲ့။ မနက်ဖန် အင်းစိန် ရဲမှူးကနေတစ်ဆင့် အကြောင်းကြားမယ်တဲ့။
ဆန္ဒပြမယ့်နေ့ ကျွန်တော်တို့က အင်းစိန် ပြည်တော်သာကွေ့ (AGTI) ကျောင်းရှေ့မှာ လူစုနေကြပြီ။ ခွင့်ပြုချက်က မရသေးဘူး။ ဆန္ဒပြဖို့ တစ်နာရီလောက် အလိုမှာ ရဲမှူးက ခေါ်ခိုင်းတယ်ဆိုပြီး ရဲတစ်ယောက် လာခေါ်တော့ ကိုဝေလင်းအောင်နဲ့ ကျွန်တော် သွားတယ်။ လက်ဖက်ရည်ဆိုင်ထဲခေါ်ပြီး တိုင်းရုံးက ခွင့်ပြုမိန့် ပေးလိုက်တယ်လို့ ပြောတယ်။
စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ကြွေးကြော်သံတွေတိုင်ပြီး ထွက်ကြပြီ။ လမ်းကြောင်းက ရှည်တယ်။ AGTI ရှေ့ကနေ RIT (YIT) ကျောင်းရှေ့အထိဆိုတော့ နည်းတဲ့ ခရီးမဟုတ်ဘူး။ ဘိုကုန်းနားမရောက်ခင်မှာ သာကေတက ကိုနိုင်မင်းဆိုသူ ရောက်လာတယ်။ အကို့ကို လာဝိုင်းရံတာပါတဲ့။ ကျွန်တော့်ဘေးကနေ ရေဗူးကိုင်ပြီး လိုက်ပေးတယ်။ အဲဒီအချိန်တုန်းက ပါတီအရိပ်လွှမ်းမိုးမှုနည်းသေးတဲ့ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေဟာ ကျွန်တော်တို့ ဆန္ဒပြချီတက်လာတဲ့လူတွေကို ရေဗူး၊ အအေးဗူးတွေ ပေးတယ်။ ကျွန်တော် ရင်ဘတ်ကြီးနဲ့ ခံစားပြီး ပြောနေတာတွေအပေါ် သူတို့လည်း ဝမ်းနည်းကြဟန် တူပါရဲ့။
အဲဒီအချိန်မှာ ရခိုင်လူငယ်အဖွဲ့က ဘယ်တုန်းကမှ မသိခဲ့တဲ့ ကိုဖိုးသားဆိုသူ ရောက်လာတယ်။ Get Out OIC စာသားပါ တီရှပ်ကို ဝတ်ပေးသွားတယ်။ သူ့မှာလည်း တစ်ထည်ပဲ ပါတယ်တဲ့။ အင်းစိန်ပန်ခြံရောက်တော့ ခဏနားတဲ့အနေနဲ့ ကျွန်တော်ရေးထားတဲ့ ကာရံမညီတဲ့ အမျိုးသားရေးကဗျာတစ်ပုဒ်ကို ကိုဝေလင်းအောင်က ရွတ်ဆိုပါတယ်။
အဓမ္မ ကမ္ဘာမြေ
ကျုပ်တို့မြေမှာ ကျုပ်တို့နေတယ် ၊ ဘယ်သူက ဘယ်သူ့ကိုမှ ၊ ရန်မရှာဘူး။
ကျူပ်တို့ ပြည်တွင်း ၊ ဘင်္ဂါလီ ကျူးကျော်ဝင်လာတယ်။
မြန်မာနိုင်ငံသားဖြစ်ခွင့် ၊ အဓမ္မတောင်းတယ်။
ဘာသာပေါင်းစုံ စုဝေးပြီးတော့၊ ငြိမ်းချမ်းစွာပဲ နေချင်တယ်။
ငြိမ်းချမ်းတဲ့ ဘယ်ဘာသာတရားကမှလည်း၊ သူတစ်ပါးကို ၊ ယုတ်ယုတ်မာမာ ပြုကျင့်ဖို့၊ မတိုက်တွန်းဘူး။
ကျုပ်တို့ အခု ၊ အဓမ္မဝါဒီတွေရဲ့၊ လွှမ်းမိုးမှုဒဏ်ကို ခံနေရပြီ။
တရားမျှတမှု ရှိတဲ့ ၊ ကမ္ဘာကြီးလား။
အဓမ္မဝါဒီတွေရဲ့ အလိုကျ၊ ကိုယ့်စည်းနဲ့ကိုယ်နေတဲ့၊ မြန်မာပြည်ကို၊ အဓမ္မဝါဒီတွေ ၊ သွပ်သွင်းဖို့
ကြိုးစားနေတာလား။
UN ဆိုတာ ကမ္ဘာကြီး ငြိမ်းချမ်းမှုအတွက် ၊ စီစဉ်ဆောင်ရွက်ကြမယ့်သူတွေ။
အစွန်းရောက် ဝါဒီတွေကို ၊ သိပ်ချစ်ပြီး သိပ်မြတ်နိုးနေကြတယ်ဆိုရင်၊ OIC တွေက ၊
ဒီခိုးဝင် ဘင်္ဂါလီတွေကို၊ ခေါ်သွားကြပါတော့လား။
အမှန်တရား နဲ့ တည်ငြိမ်မှု ၊ ပျောက်ပျက်ပြုန်းလာတဲ့၊ ကမ္ဘာမြေပေါ်မှာ၊ ပြဿနာကောင် ဘယ်သူတွေလဲ။
နိုင်ငံတိုင်းမှာ ကိုယ့်စည်းနဲ့ကိုယ်၊ ဥပဒေအရ ကာကွယ်ထားတာရှိတယ်။
သူတို့ကိုးကွယ်ယုံကြည်တဲ့ လောနဲ့အညီ၊ တခြားဘာသာဝင်တွေအပေါ် ၊ မတရားပြုကျင့်ရမယ်ဆိုတဲ့
ညွှန်းဆိုချက်တွေနဲ့ ၊ တခြားဘာသာဝင်တွေကို ဖိနှိပ်နေတာတွေ ၊ သတ်ဖြတ်နေတာတွေ
မတွေးမိကြတော့ဘူးလား။
ဗုဒ္ဓတိုင်းပြည်တွေကို ၊ အဓမ္မဝင်ကြီးဆိုးသွားလို့၊ ပြုတ်ပြုတ်ပြုန်းခဲ့တာလည်း ၊ များပါပြီ။
ကျုပ်တို့ရဲ့ ဗုဒ္ဓကမ္ဘာ အဝန်းအဝိုင်း၊ ကျဉ်းကျဉ်းလေးပဲရှိတော့တယ်။
လူလိုတွေး ၊ လူလိုကျင့်ပြီး ၊ ဗုဒ္ဓအသိုက်အဝန်းလေးကို၊ အမျိုးဖြုတ်ဖို့ အစွမ်းမထုတ်ပါနဲ့ ၊ ရှင်သန်ခွင့်ပေးပါလို့
ကမ္ဘာ့ကုလသမဂ္ဂကြီးကို ၊ တောင်းဆိုလိုက်ပါတယ်။
ကျုပ်တို့အဝန်းအဝိုင်းကို ၊ ကျုပ်တို့မှာ ကာကွယ်ခွင့်ရှိတယ်၊ မပြင်နိုင်ဘူး နိုင်ငံသား ဥပဒေ။
ကျုပ်တို့ ယဉ်ကျေးမှု ၊ ကျုပ်တို့ ကာကွယ်ခွင့်ရှိတယ် မလာပါနဲ့ OIC ။ ။
အင်းစိန် RIT ကျောင်းရှေ့မှာ ခေတ္တဟောပြော ကြွေးကြော်ပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ဦးနေမျိုးဝေက မီဒီယာတွေကို ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအကြောင်း ရှင်းလင်းပြောဆိုပါတယ်။ ကိုဖိုးသား၊ ကိုနိုင်မင်း တို့ဟာ အဲဒီအချိန်က စပြီး သိခဲ့ရတဲ့သူတွေပါ။ ကိုယ်တိုင်ဦးဆောင်ပြီး အမျိုးသားရေးလှုပ်ရှားမှုထဲ ပါဝင်ခဲ့ခြင်းရဲ့ ပထမဆုံး ခြေလှမ်းပါပဲ။
ဆက်လက်ရေးသားဖော်ပြပါအုံးမည်။
နောင်တော်လေး (ဘိုကလေး)
0 comments:
Post a Comment