Download

2:25 AM
0

လှိုင်သာမြို့နယ်တရားရုံးမှာ အခြေခံပြီးဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ထဲကနေပြီး လှမ်းဆဲတာကို အကြောင်းပြုပြီး တခြားသောမြို့နယ်တရားရုံးတွေမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေကိုပါ ဖယ်ရှားခိုင်းတာကြောင့် ဈေးဆိုင်တွေ၊ ထမင်းဆိုင်တွေဟာ အခက်တွေ့ကြရတယ်လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ မင်္ဂလာဒုံမြို့နယ်တရားရုံးက တရားသူကြီးကတော့ တရားရုံးခြံဝန်းအတွင်းက ဈေးဆိုင်တွေ ဖျက်ခိုင်းပြီး အပြင်မှာ ပြန်ဆောက်လုပ်ဖို့ နေရာ ပြောပေးမယ်ဆိုတဲ့အတွက် ဈေသည်တွေက တရားရုံးအပြင်ဘက် ရှေ့မှာပဲ ဆိုင်ခန်းတွေ ပြန်လည်ဆောက်လုပ်ခဲ့ကြတာကို ခွင့်မပြုပြန်ဘူးဆိုပြီး စည်ပင်နဲ့ ပြဿနာဖြစ်အောင် ဖန်တီးတဲ့အတွက် ဈေးသည်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဖြစ်ပေါ်တဲ့ပြဿနာအတွက် အပြစ်ရှိတဲ့သူကို ဥပဒေအရ အရေးယူပေါ့။ အခုဟာက ဘာမဆိုင် ညာမဆိုင် မြို့နယ်တိုင်းမှာရှိတဲ့ ဈေးသည်တွေကို ဒုက္ခရောက်အောင် လုပ်တယ်။ တရားရုံး ပိုင်နက်အတွင်းမှာ ရောင်တယ်ဆိုပေမယ့်လည်း အလကားရောင်းရတာမဟုတ်ပါဘူး။ နှစ်စဉ်ကြေး ပေးသွင်းရပါတယ်။ အခုလို ဖျက်ရမယ်ဆိုတော့လည်း ဖျက်ပေးရတယ်။ အရှေ့မှာ ပြန်ဆောက်ခွင့်ရအောင် စည်ပင်နဲ့ညှိနှိုင်းပေးမယ်ပြောပြီး အခုဆောက်ထားတာလေးကိုပါ ပြန်ဖျက်ခိုင်းတယ်။ ဆိုင်ခန်းလေးတစ်ခန်း ဖြစ်ဖို့ဆိုတာ ငွေကုန်ကြေးကျများပါတယ်။ ဖျက်လို့ပြောတဲ့သူအတွက် လွယ်ပေမယ့် ဆုံးရှုံးနစ်နာရတဲ့သူ အတွက်ကြတော့ ဘာမှ စဉ်းစားပေးတာမျိုးမရှိဘူးလို့ မင်္ဂလာဒုံမြို့နယ်တရားရုံးအရှေ့မှာ ဆိုင်ခန်းဖျက်ပြီး ထိုင်ခုံလေးတွေချပြီးရောင်းချနေရတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။ တရားရုံးကို လာတဲ့အမှုသည်တွေအနေနဲ့လည်း ထိုင်စရာနေရာတောင် မရှိတဲ့အတွက် အခက်အခဲ ဖြစ်ရတာပဲ။

ဈေးသည်တွေလည်း သင့်တင့်လျှောက်ပတ်အောင်ရောင်းချရလို့ ရပ်တည်လို့ရမယ်။ အမှုသည် တွေအတွက်လည်း အဆင်ပြေတယ်ဆိုရင် ဘာလို့ ဖျက်ခိုင်းတာလဲလို့ အမှုသည်တစ်ဦးက ပြောပါတယ်။

လှိုင်သာယာမှာ ဖြစ်ပေါ်သွားခဲ့တဲ့ ဈေးဆိုင်အတွင်းကနေ အော်ကြီးဟစ်ကျယ် ညစ်ညမ်းစကား ပြောဆိုရာကနေ စတဲ့ ပြဿနာဟာ ဈေးသည်တွေကို အခက်တွေ့စေပါတယ်။ တချို့မြို့နယ်တွေမှာတော့ တရားရုံးနဲ့ မလှမ်းမကမ်းမှာ နေရာပြန်စီစဉ်ပေးတာမျိုးရှိပေမယ့် မင်္ဂလာဒုံတရားရုံး တရားသူကြီးကတော့ အဆင်ပြေအောင် စည်ပင်နယ်နိမိတ်နဲ့ တရားရုံးကပ်လျှက်မှာ နေရာပြန်လည် စီစဉ်ပေမယ်လို့ ပြောဆိုပြီး ကာမှ အခုဈေးရောင်နေတဲ့သူကို စည်ပင်ကနေ ဖယ်ရှားခိုင်းတာမျိုးအထိ လုပ်နေတဲ့အတွက် အခက်တွေ့နေရကြောင်း ပြောပါတယ်။

 ပြည်သူ့ဟစ်တိုင်

0 comments:

Post a Comment