Download

8:11 PM
0
မင်္ဂလာဒုံမြို့နယ် ရဲစုတောင် ရပ်ကွက်အတွင်း နွားအစ်ပွဲ လုပ်မည်ကို ရပ်ကွက်သူ ရပ်ကွက်သားများ ကန့်ကွက် ======= 

၁၄ - ၁၀ - ၂၀၁၃ နံနက် မင်္ဂလာဒုံမြို့နယ် ရဲစုတာင် ရပ်ကွက်အတွင်း နွားအစ်ပွဲ လုပ်မယ့် အစီအစဉ်ကို ရပ်ကွက်နေ လူထုက လက်မခံနိုင်တာကို သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပေးဖို့ရွှေည၀ါဆရာတော်ကြီး ကြွရောက် လာခဲ့ပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေက ရောက်မလာ တဲ့အတွက် ဆရာတော်ကြီးဟာ နံနက် ၁၀နာရီခွဲမှာ ပြန်ကြွသွားခဲ့တယ်လို့ သိရပါတယ်။

 နွားအစ်ပွဲလုပ်မယ့်ခြံဟာဗမာတစ်ဦး ပိုင်ဖြစ်ပြီး အခကြေးငွေရယူပြီးလုပ်ခွင့်ပြုထားတာလို့ သိရပါတယ်။ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေ ဘက်ကလည်း ခွင့်ပြုလို့ လုပ်မှာဖြစ်ကြောင်း ပြောဆိုနေပေ မယ့် နွားအကောင်ရေ ဘယ်လောက်သတ်မယ်ဆိုတာမျိုး တိတိကျကျ ပြောဆိုခြင်းမျိုး မရှိသေးဘူးလို့ နံနက်ပိုင်းက အခြေအနေကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ဆိုပါတယ်။ 

မနက်ပိုင်းက ကြွရောက်လာတဲ့ ရွှေညဝါ ဆရာတော်ကြီး ကတော့ အုပ်ချုပ်ရေးတွေ အနေနဲ့ လာရောက် ညှိနှိုင်း ဆောင်ရွက်ပေးခြင်း မရှိတာဟာ ပြဿနာကို မီးမွှေးပေးနေသလိုပဲလို့ မိန့်ကြားသွား ပါတယ်။ 

အခု စီစဉ်ထားတဲ့နေရာဟာ ရဟန်းရှင်လူတွေ ဖြတ်သန်းသွားလာရာ လမ်းမကြီးနဲ့ နီးကပ်တဲ့ အတွက်လည်း ကန့်ကွက်နေကြတာပါ။ ဒီနေရာနဲ့ မလှမ်းမကမ်း ဗွက်ကြီးကျေးရွာမှာလည်း အစ်ပွဲ အတွက် ခွင့်ပြု ထားပြီး မြောင်းတကာထဲမှာလည်း ခွင့်ပြုထားတဲ့အတွက် မြောက်ပိုင်း ခရိုင်အတွင်းမှာပဲ သုံးနေရာ ဖြစ်နေပါတယ်။ 

ရပ်ကွက်ထဲက လူမှုရေးအဖွဲ့တွေ ရဟန်းရှင်လူတွေ အနေနဲ့ကတော့ လှော်ကား သားသတ်ရုံ ၊ ရွာသာကြီး သားသတ်ရုံလို နေရာမျိုးမှာသာ လုပ်စေချင်တဲ့ ဆန္ဒရှိနေကြပါတယ်။ည ၇ နာရီမှာ အဲဒီအနီးက မိုင်းပုံးဘုန်းတော်ကြီးကျောင်းကို ခရိုင် ထွေအုပ်နဲ့အဖွဲ့ လာသွားပြီး ခရိုင်ထွေအုပ်က မဖြစ်သင့်တာကို မဖြစ်ရအောင် ဆောင်ရွက်ပါမယ်လို့ ပြောဆိုပေမယ့် မင်္ဂလာဒုံထွေအုပ် မှော်ဘီထွေအုပ်နဲ့ ရပ်ကွက် လူကြီးခင်ထွန်းတို့က အထက်က ခွင့်ပြုလို့ ခွင့်ပြုချက်ပေးရမှာဆိုတဲ့ ပုံစံမျိုးပြောဆိုသွားတာကြောင့် ရပ်ကွက်သူ ရပ်ကွက်သားတွေက လက်မှတ်များ စုဆောင်းကောက်ခံပြီး သက်ဆိုင်ရာတွေကို တင်ပြကန့်ကွက်မယ်လို့ သိရပါတယ်။ 

 မောင်ငွေ

0 comments:

Post a Comment