Download

10:06 AM
0
November 21, 2013 at 1:07pm
အကျဉ်းထောင်သို့ ခေါ်ဆောင်သွားစဉ် (ဓာတ်ပုံ - ကိုကျော်စွာမြင့် facebook)

လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်ခံရခြင်းအတွက် ဆန္ဒထုတ်ဖော်သူများမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံနေရသော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်မှ မသန္တာ ၊ နိင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်မှကိုစိုးမိုးထွန်း (ခ) သူကြီး၊ GW မှကို ကိုမိုဃ်းသွေး၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးမှ ကိုဒီငြိမ်းလင်း ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီမှ ကိုအောင်မျိုးဦး ၊ လက်ပံတောင်းအရေး ငြိမ်းချမ်းစ အဖြေရလိုသူ ကိုကျော်မြင့်ဦး အပါအ၀င် (၆) ဦးတို့အား ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှအလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်လ ချမှတ်ပြီးအင်းစိန်ထောင်သို့ ချမှတ် ပို့ဆောင်လိုက်ပြီ ဖြစ်ပါသည် ။

 ပုဒ်မ(၁၈) စွဲဆိုရာမှာ မှန်ကန်မှု မရှိဘူးဆိုတာကို ရဲမှူးကြီးတွေလည်း သိကြမှာပါ။ ဆန္ဒပြပွဲတွေမှာ တကယ်ခေါင်းဆောင် ဟုတ်လား/ မဟုတ်လား ဆိုတာလည်း သေချာစွာ စုံစမ်းခြင်း မရှိပါဘူး။ ယခင်က နိုင်ငံရေး လှုပ်ရှားခဲ့သူတွေကိုသာ ကွက်စွဲခြင်းဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ ဦးဆောင်သူလို့ ပြဖို့ တော်တော်ခက်ခဲပါတယ်။ ခွင့်ပြုချက်လျှောက်ထားတဲ့နေရာမှာသာ ဦးဆောင်သူ ၊ လျှောက်ထားသူ ဆိုပြီး ရှိပါတယ်။ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ(၁၈) ငြိစွန်းကြောင်း မှန်ကန်ခဲ့ရင်လည်း ဆန္ဒပြပွဲမှာ လူတစ်ရာပါရင် လူတစ်ရာလုံးကိုစွဲရမှာပါ။ အခုဟာက ကွက်စွဲပြီး ထောင်ချခြင်း ဖြစ်တဲ့အတွက် ရဲမှူးများရဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာ မမှန်ကန်သလို တရားသူကြီးများအနေဖြင့် ဆုံးဖြတ်ဆောင်ရွက်ရာမှာလည်း ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးဆိုတာကို ထည့်သွင့်စဉ်းစားပေးခြင်း မရှိတဲ့အတွက် တရားမျှတမှုဆိုတာကို မျှော်လေ . . . ဝေးလေ . . . ပြည်သူတွေ။

ပြည်သူ့ဟစ်တိုင်

0 comments:

Post a Comment