Download

2:08 AM
0
ဒုရဲအုပ်တစ်ဦး နှင့် ရှေ့နေတစ်ဦး တို့ ပူးပေါင်းကြံစည် ၍ ဒုစရိုက်ဂိုဏ်း ဆန်ဆန် မတရား ချုပ်နှောင် ပြီး ငွေညှစ်မှု ကော့ကရိတ်မြို့တွင်ဖြစ်ပွါး ခဲ့ =================================================== ၂၄ စက်တင်္ဘာ ၂၀၁၃၊ ကော့ကရိတ်


 ကော့ကရိတ် မြို့မ ရဲစခန်းမှ ဒုရဲအုပ်နေမျိုး နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း (လိုင်စင်အမှတ်-၂၄၈၉၁) တို့ နှစ်ဦးသည် ရဲအရေးမပိုင် သည့် အမှုတစ်ခုကို ရဲအရေးပိုင် သည့် အမှု ကဲ့သို့ အသွင်ယူပြီး အငြိမ်းစား တပ်မတော် သား တစ်ဦးဖြစ်သူ ဥာဏ်သိန်းစိုး အား မတရားဖမ်းဆီးချုပ်နှောင် ကာ ငွေကျပ် (၂၁) သိန်း ခြိမ်းခြောက် တောင်းယူသည့် အမှု တစ်ခု ကော့ကရိတ်မြို့ ၌ ၂၀၁၃ မတ်လ တွင် ဖြစ်ပွါး ခဲ့ သည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ သည် ရဲအရေး မပိုင်သော အမှုဖြစ်သည်။ ရဲအရာရှိ တစ်ယောက် အနေ ဖြင့် ဖမ်းပိုင်ခွင့်၊ ချုပ်နှောင်ပိုင်ခွင့် မရှိသော ပုဒ်မဖြစ်သည်။ ချုပ်မိန့်(ရမန်) ထုတ်ပေးခွင့် မရှိသောပုဒ်မ လည်းဖြစ် သည်။ ဤသို့ ရဲအရေး မပိုင် သော ပုဒ်မ ဖြစ်မှန်း သိလျက်နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း နှင့် ဒုရဲအုပ်နေမျိုး တို့ နှစ်ဦး သည် ရဲစခန်း၏ လုပ်ပိုင်ခွင့် ကို အလွဲသုံးစား လုပ်ပြီး တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား (၁၄) ရက်ကြာ ဥပဒေမဲ့ မတရား ချုပ်နှောင် ကာ ငွေကျပ် (၂၁) သိန်း ခြိမ်းခြောက် တောင်းယူသည့် အမှု ကို ကျူးလွန်ခဲ့ကြသည်။ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး (ငြိမ်း) ကိုယ်ပိုင်အမှတ်(၆၂၉၃၂၁) သည် ကော့ကရိတ်မြို့နယ် ၊ နဘူး အခြေစိုက် ခမရ(၅၄၉) တပ်ရင်း မှ ၂၀၀၂ တွင် အငြိမ်းစားယူ ခဲ့သူတစ်ဦး ဖြစ်ပြီး ၊ ဇနီး သားသမီး များ နှင့် အတူ နဘူး ကျေးရွာတွင် ရိုးသားစွာ လုပ်ကိုင် စားသောက်နေသူတစ်ဦးဖြစ်သည်။ ၂၇-၃-၂၀၁၃ နေ့တွင် ဒုရဲအုပ်နေမျိုး မှ ရဲစခန်းသို့ ဆင့်ခေါ်သဖြင့် တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) သည် အဖေါ်ဖြစ်သူ နဘူးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းဦး နှင့် အတူ ကော့ကရိတ် မြို့မ ရဲစခန်း သို့ သွားခဲ့သည်။ ရဲစခန်း သို့ရောက်သော အခါ ဒုရဲအုပ်နေမျိုး နှင့် ရှေ့နေ ဒေါ်နန်းသူဇာဝင်း တို့မှ မြေကွက် အငြင်းပွါးမှု အတွက် ငွေကျပ် သိန်း(၂၀) ပေးရမည် ဟု လူမိုက်ဆန်ဆန် ခြိမ်းခြောက်လျက် တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား ချက်ချင်း ဖမ်းဆီးကာ အချုပ်ခန်းထဲသို့ ထည့် လိုက်ကြ သည်။၂၇-၃-၂၀၁၃ မှ ၁၀-၄-၂၀၁၃ အထိ (၁၄) ရက်ကြာသည် အထိ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။ (တရားရုံးတွင် အမှုဖွင့်ခြင်း၊ ရုံးထုတ်ခြင်း ၊ ချုပ်မိန့် ရမန် ယူခြင်း မရှိဘဲ ဥပဒေမဲ့မတရား ဖမ်းဆီးချုပ်နှောင် ခဲ့ခြင်းဖြစ်သည်။) တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား မတရား ဖမ်းဆီး ချုပ်နှောင်ထားသည့် အတွက် ၂၈-၃-၂၀၁၃ နေ့တွင် တပ်ကြပ်ကြီး ရွှေညွန့်(ငြိမ်း) ၊ တပ်ကြပ်ကြီး လှဝင်းညွန့်(ငြိမ်း) ၊ဦးဘုန်းကျော် ၊ ဦးသန်းနိုင်၊ ဦးဝင်းဦး တို့မှ (ဥပဒေ အရ တရားဝင် ဖမ်းဆီးထားသည် ဟု ထင်သဖြင့်) အာမခံဖြင့် ပြန်လည်ထုတ်ယူ ရန် ရဲစခန်းသို့ သွားရောက် လျှောက် ထား ခဲ့ ကြသည်။ သို့သော်လည်း တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား(တရားရုံးတွင် အမှုဖွင့်ထားခြင်း မရှိ ၊ ချုပ်မိန့် ရမန် မရှိ ဘဲ) ဥပဒေ မဲ့ တရားမ၀င် ဖမ်းထားခြင်း ဖြစ်နေ၍ ဒုရဲအုပ်နေမျိုး မှ အမှု ဖွင့်သည်ဖြစ်စေ၊ မဖွင့်သည် ဖြစ်စေ မိမိတို့ စခန်းတွင် မိမိတို့ သဘောဖြင့် ဖမ်း နိုင်ကြောင်း ၊ငွေကျပ် သိန်း(၂၀) လျော်ကြေး ပေးမှ သာ ပြန်လွတ်ပေးနိုင်မည် ဖြစ်ကြောင်း လူမိုက်ဆန်ဆန် ပြော ဆိုခဲ့ ပါ သည်။ သို့ဖြစ်၍ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း)၏ ဆရာသမား ဖြစ်သူ ဗိုလ်ကြီး စိန်ထွန်း(ငြိမ်း) ကိုယ်တိုင် မြို့မရဲစခန်းသို့ သွားရောက် ပြီး ဖမ်း ဆီးထားသည့် အကြောင်းရင်း ကို သိ နိုင်ရန် အတွက် ထပ်မံ စုံစမ်း ခဲ့သည်။ ဗိုလ်ကြီးစိန်ထွန်း(ငြိမ်း) မှ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အား ဖမ်းဆီး ချုပ်နှောင် ထားခြင်း အတွက် အမှုဖွင့်ထားသည့် ပုဒ်မ ၊ အမှုဖွင့်ထားသည့် စာရွက်စာတမ်း များ ရှိပါသလား ဟု မေးမြန်း ရာ ဒုရဲအုပ် နေမျိုးမှ မိမိအနေဖြင့် ပုဒ်မ လည်း မပြောနိုင်ကြောင်း ၊ စာရွက်စာတမ်း များရှိလျှင်လည်း ကြည့်ရှုခွင့် မပေး နိုင်ကြောင်း ယခင်ကဲ့သို့ပင် ရင့်ရင့်သီးသီး ပြန်လည်ပြောဆိုခဲ့ပါသည်။ အချုပ်ထဲတွင် ဥပဒေမဲ့ (၁၄) ရက်ကြာ ချုပ်နှောင်ခံရစဉ် အတွင်း တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး (ငြိမ်း) အား ထောင် (၇) နှစ်အထိ ကျအောင် လုပ်မည် ၊ ပင်စင် လစာ အသိမ်းခံရအောင် လုပ်မည် ဟု အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း မှ အကြိမ်ကြိမ် ခြိမ်းခြောက် ကာ ငွေ တောင်းခဲ့ သည်။ နည်းမျိုးစုံ ခြိမ်းခြောက် ခံ ရပြီးနောက် တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး (ငြိမ်း) သည် အလွန်အမင်း စိတ်ဓါတ် ကျ လျက် ၁၀-၄-၂၀၁၃ နေ့တွင် ဒုရဲအုပ်နေမျိုး နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း တို့ တောင်း ဆို သော ငွေကျပ် (၂၁) သိန်း ကို ပေးလိုက်ရသည်။(လျော်ကြေးငွေ အတွက် ၁၅ သိန်း နှင့် တရားရုံး ကြေအေး စရိတ် အတွက် ၆ သိန်း ဟုသိရသည် ။) ငွေကျပ် (၂၁) သိန်း ကို ဒုရဲအုပ်နေမျိုး နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း တို့ နှစ်ဦးသာခွဲဝေယူ ခဲ့ကြသည့် အပြင် ၄င်းတို့၏ အမှုသည် ဦးလှမောင် ထံမှလည်း တရားရုံး ကြေအေး စရိတ်ဟု ဆိုကာ ငွေကျပ် (၆) သိန်း ထပ်မံ တောင်းယူ ခဲ့ ကြသေးသည်။ ဒုရဲအုပ်နေမျိုး နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း တို့သည် ငွေကျပ် (၂၁) သိန်း ရရှိပြီးသည်နှင့် တပြိုင်နက် ၄င်းတို့ ကြိုတင် အကွက်ရိုက်စီစဉ်ထား သည့် အတိုင်း ထိုနေ့တွင်ပင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၂၇) ဖြင့် နေ့ချင်းပြီး တရားစွဲဆို ကြေအေး ပေးခဲ့ကြသည်။ ဒုရဲအုပ်နေမျိုး နှင့် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း တို့ နှစ်ဦး ၁၀-၄-၂၀၁၃နေ့ တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၄၂၇) ဖြင့် မြို့နယ်တရားရုံး တွင် နေ့ချင်းပြီး တရားစွဲ ဆို ကြေအေး ခဲ့ သောအမှု အမှတ်မှာ { ပြစ်မှုကြီး အမှု အမှတ် (၃၇) /၂၀၁၃- ဦးလှမောင် နှင့် ဦးဥာဏ်သိန်းစိုး } ဖြစ်သည်။ ခြိမ်းခြောက်တောင်းဆိုသော ငွေကျပ်(၂၁) သိန်း ကို ဗိုလ်ကြီးစိန်ထွန်း(ငြိမ်း) ကိုယ်တိုင် အထက်တန်း ရှေ့နေ ဒေါ်နန်းသူဇာဝင်း ထံ သို့ ကိုယ်တိုင်ပေး ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီးစိန်ထွန်း(ငြိမ်း) မှ အဆိုပါနေ့ချင်း ပြီး တရားစွဲဆို ကြေအေး သော အမှု အား စုံစမ်းကြည့်သော အခါ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး (ငြိမ်း) အား ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည့် ၂၇-၃-၂၀၁၃ မှ ၁၀-၄-၂၀၁၃ အထိ (၁၄) ရက်ကြာ ကာလ အတွင်း မြို့နယ်တရားရုံးတွင် တွင် အမှုဖွင့် ထားခြင်း ၊ တရားရုံး ထုတ်ခြင်း ၊ သက်ဆိုင်ရာ မြို့ နယ်တရားသူကြီး ၏ ချုပ်မိန့် ရမန် ရယူ ခဲ့ခြင်း မရှိဘဲ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ၏ လုပ်ပိုင်ခွင့် ကို အလွဲသုံးစားလုပ် ပြီး ဥပဒေမဲ့ မတရား ဖမ်းဆီးချုပ်နှောင် ထားခဲ့ ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ရှေ့နေ ဒေါ်နန်းသူဇာဝင်း သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၄၂၇) အရ တရားရုံးသို့ ဦးတိုက် လျှောက်ရမည့် အမှု ဖြစ်မှန်း ကောင်းစွာသိရှိသော ရှေ့နေ တစ်ဦးဖြစ်သည်။ သို့သော်လည်း တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး (ငြိမ်း) အား အချုပ်ထဲ ထည့်ပြီး ငွေညှစ် နိုင်ရန် အတွက် ဒုရဲအုပ် နေမျိုး နှင့်ပူးပေါင်း ကြံစည် ကာ ပြစ်မှု ကျူးလွန် ခဲ့ ကြ ခြင်းဖြစ်သည်။ ဒုရဲအုပ် နေမျိုး သည်လည်း ရဲအရေး မပိုင်သော အမှု တစ်ခုကို ၄င်း၏ သဘောဖြင့် ဖမ်းပိုင်ခွင့် ၊ ချုပ်နှောင် ပိုင်ခွင့် မရှိ မှန်း ကောင်းစွာ သိရှိသော ရဲအရာရှိ တစ်ဦးဖြစ် သော်လည်း ငွေ ရရှိ ရေး အတွက် ဖေါ်ပြပါ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ များကို ချိုးဖေါက် လျက် (လုပ်ပိုင်ခွင့် ကို အလွဲသုံးစားလုပ် ပြီး) အငြိမ်းစား တပ်မတော်သား တစ်ဦး အား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင် ခဲ့သည့် အတွက် ပြည်သူလုထု အကြား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ဂုဏ်သိက္ခာ ညှိုးနွမ်း ကျဆင်း စေသည့် အမှုတစ်ခု ဖြစ်ခဲ့သည်။ မတရားဖမ်းဆီးချုပ်နှောင်ခဲ့သော ယခု ပြစ်မှုတွင် ဒုရဲအုပ် နေမျိုး သည် (၁) [ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄(ဎ) ] ကိုချိုးဖေါက်လျက် ရဲအရေးမပိုင်သော အမှု ကို ၀ရမ်းမပါဘဲ ဖမ်းဆီးခဲ့သည်။ (၂) [ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၆၁ ] ကိုချိုးဖေါက်လျက် ၄င်း၏ သဘောဖြင့် ၂၄ နာရီထက်ပိုပြီး ချုပ်ထားခဲ့သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အထက်ဖေါ်ပြပါ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်မှု သည် ဥပဒေကို ကောင်းစွာ နားလည်သော ရှေ့ နေ နှင့် ဒုရဲအုပ် တို့ နှစ်ဦး ပူးပေါင်း ကာ ကျူးလွန်ခဲ့ခြင်းဖြစ်သဖြင့် အခြေခံ လူတန်းစား များအနေဖြင့် ဥပဒမဲ့ ဖမ်းဆီးခြင်းဖြစ်ကြောင်း အထောက် အထား ပြနိုင်ရန် ခက်ခဲသလို ၊ တိုင်ကြား လျှင်လည်း သက်ဆိုင်ရာ များမှ နှာစေး ပေးကြသော အမှုမျိုးဖြစ်သည်။ အောက်ခြေ တွင် အခြေ ခံ လူတန်းစားများစွာ အနိုင်ကျင့် ခံနေရသော ဥပဒေဘက်တော်သားများ ၏ ဥပဒေမဲ့ အနိုင်ကျင့် နေကြ သော အမှု အမျိုးအစားဖြစ်သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယခု အမှုသည်လည်း နဘူး ကျေးရွာ မှ ရွာသား တစ်ယောက် အား ဖမ်းချုပ်ပြီး ငွေညှစ်သည့် သာမန် အမှု တစ်ခု(ပုံမှန် အနိုင်ကျင့်နေကျ အမှု)သာ ဖြစ်သည်။ သို့ သော်လည်း မတရား ဖမ်းဆီး ချုပ်နှောင် ခံရသူ တပ်ကြပ်ကြီး ဥာဏ်သိန်းစိုး(ငြိမ်း) အတွက် ကော့ကရိတ်မြို့ နယ် စစ်မှုထမ်းဟောင်း အဖွဲ့  များမှ ကူညီစုံစမ်းပေးမှုကြောင့် ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံ ခဲ့ရခြင်း ဖြစ်ကြောင်း ဖေါ်ထုတ်နိုင် ခဲ့ခြင်း ဖြစ်သည်။ အငြိမ်းစားတပ်မတော်သားတစ်ဦး ကိုပင် ဥပဒေမဲ့ ဖမ်းချုပ်ပြီး ငွေညှစ် ရဲသော အခြေအနေ ရှိလျှင် အောက်ခြေပြည်သူများ ၏ ပိုမိုဆိုးဝါးသည့် အနိုင်ကျင့် ခံနေရဆဲ အခြေအနေ များကို အထက်အဆင့်ဆင့် မှ သက်ဆိုင်ရာ တာဝန်မဲ့ လူကြီးများသိရှိနိုင်ရန် ဤ သတင်း ကို တင်လိုက်ရခြင်းဖြစ်ပါသည်။ ဤ အမှု အတွက် တရားသူကြီးချုပ်ထံသို့ ၂၅-၆-၂၀၁၃ ရက်စွဲဖြင့် တိုင်ကြားထား သော်လည်း ယနေ့ အထိ အရေးယူမှု တစ်စုံ တစ်ရာ မရှိသေးကြောင်း သိရသည် ။ (ဥပဒေဘက်တော်သားများ၏ ဥပဒေမဲ့ အနိုင်ကျင့် ခံရမှု ကင်းဝေးကြပါစေ)

 ဒေါန ဇွဲလုလင် (Freelance Reporter)

0 comments:

Post a Comment