Download

10:48 PM
0
ဖုန်းတစ်လုံးမှာ Battery က အသက်လို့ဆိုရင် မှားမယ် မထင်ပါဘူး မိမိဖုန်းရဲ့ battery ကိုကြာ ရှည်ခံအောင် battery အားသွင်းပုံသွင်းနည်းလေး စနစ်ကျစေဖို့ ဒီပိုစ့်လေးကိုရေးလိုက်ပါတယ်.. battery တစ်လုံးကြာကြာခံဖို့ဆိုရင် user ရဲ့ အသုံးပြုပုံပေါ်မှာတော်တော်လေးသက်ဆိုင်ပါတယ် မိမိရဲ့ဖုန်းကို အားအားရှိ ပလပ်မှာထိုးပြီး အချိန်ရှိတိုင်း ခဏခဏ အားမသွင်းသင့်ပါဘူး battery ရဲ့life ကို တိုတောင်းသွားစေနိုင်လို့ပါ နောက်ပြီးအားသွင်း၇င်လည်း battery ရဲ့20% လောက်ရောက်မှ အားသွင်းသင့်ပါတယ် လွယ်တော့မလွယ်ပါဘူး battery ကုန်တဲ့အခါ မိမိက မအားဘူးဆိုရင် တော်တော်တော့ ဗျာများမှာပေါ့..

ချိန်ဆပြီးသုံးရင်တော့အဆင်ပြေမှာမှာ နောက်တစ်ခုက battery ကိုတစ်လကို အနည်းဆုံး full cycle နှစ်ခါလောက်တော့သွင်းသင့်ပါတယ် full cycle ဆိုတာက အားလုံးဝ ပြည့်တာကိုပြောတာပါ နေ့တိုင်းကြီး full cycle သွင်းပြန်ရင်လည်းမကောင်းပါဘူး smart phone တွေမှာ တစ်ခုကြုံရတာက battery တစ်ရက်ထက်ပိုပြီးမခံတာပါပဲ ဂိမ်းတွေ ဘာတွေကစားလိုက်ရင်ပိုဆိုးပေါ့ တစ်မနက်လောက်ဆိုကုန်ရော ဖုန်းကလည်း game ဆက်တိုက် ဆော့ရင်ပူလာပါတယ် ဖုန်းကိုပူနေပြီဆို၇င်အနားပေးသင့်ပါတယ် battery capacity ကိုထိခိုက်နိုင်တာကြောင့်ပါ နောက်ပြီး GPS , Bluetooth , wif တို့လို service တွေကို မလိုအပ် ရင်ပိတ်ထားသင့်ပါတယ် battery အားကို ခဏလေးနဲ့ကုန်စေတာကြောင့်ပါ phone လိုင်းမမိတဲ့ အခါတွေမှာဆိုရင် Airplane mode ကိုထားသင့်ပါတယ် ဖုန်းကလိုင်းမမိရင် signal အတွက် battery အားကိုပိုသုံးရလို့ပါ GSM တွေမှာမသိသာပေမယ့် CDMA တွေမှာတော်တော်သိသာပါ တယ် airplane mode မပါဘူးဆိုရင်လည်း ဖုန်းကို power ပိတ်ထားလိုက်ပေါ့ လိုင်းမှမမိတာ ဘာထူးမှာလဲ နောက်ဆုံးပြောချင်တာက မီမလာလို့ မီးစက်တို့ အင်ဗာတာ တို့နဲ့ဖုန်းအားသွင်း တာမျိုးတက်နိုင်သလောက်ရှောင်စေချင်ပါတယ် မီးအားမငြိမ်လို့ပါ.။

နည်းပညာ Group  ထဲမှာ Chit Hmwe  ရေးသားတင်ပြထားသော Post ကို ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment