နေပြည်တော် ကောင်စီနယ်မြေ ၊ ဇဗ္ဗူသီရိမြို့နယ် ခုတင် ၅၀ ဆေးရုံတွင် သြဂုတ်လအတွင်း နေပြည်တော်တိုင်း ကျန်းမာရေးဦးစီးဌာနမှ GSM Sim Card အလုံး ၂၀ ခွဲတမ်း ချထားပေးခဲ့ပါတယ်။သို့သော် မြို့နယ်ဆရာဝန်ကြီး သည် ဆေးရုံဝန်ထမ်းများအား GSM Sim Card ၇ လုံးသာ ရရှိသည်ဟုဆိုကာ (၇) လုံးသာ မဲဖောက်ပေးပြီး သူကိုယ်တိုင် မဲဝင်နှိုက်ပြီး ၁လုံး ပေါက်ခဲ့ပါတယ်။ဆေးရုံဝင်းအတွင်းရှိ ၀န်ထမ်းများအား တိုင်းရုံးမှ တောင်းသည်ဟုဆိုကာ ဓါတ်ပုံ နှင့် ၀န်ထမ်းကဒ် မိတ္တူများ ကို တောင်းယူပြီး တိုင်းကျန်းမာရေးဦးစီးဌာနသို့ ဖုန်း အလုံး ၂၀ အတွက် ပေါက်မဲစာရင်းအဖြစ်ပေးပို့ခဲ့ပါတယ်။ကျန်ဝန်ထမ်း ၁၃ ဦးမှာ ဖုန်းအမှန်တကယ်မရဘဲ ဖုန်းရရှိအမည်စာရင်းဝင်သွားတဲ့အတွက် နောက်တကြိမ်လည်း လျောက်ထားလို့မရတော့မှာ ဖြစ်လို့ မြို့နယ်ဆရာဝန်ကြီးကို သွားရောက်ပြောဆိုရာ သူ၏လုပ်ပိုင်ခွင့်ထဲမှ လုပ်ခြင်းဖြစ်ကြောင်း တိုင်းကျန်းမာ သို့ သွားရောက်တိုင်ကြားချင်က တိုင်ကြားနိုင်ကြောင်း တိုင်း ဦးစီးမှူး ဒေါက်တာ ထွန်းမြင့် ကိုလည်း sim card ၁ ကဒ်ပေးထားပြီးဖြစ်လို့ သွားရောက်တိုင်ကြားပါက ကြိမ်းမောင်းလွတ်လိုက်မှာဖြစ်ကြောင်းပြောဆိုလွှတ်လိုက်ပါတယ်။မကျေနပ်တဲ့ ၀န်ထမ်းတွေက တိုင်းရုံးကိုသွားရောက် တိုင်ကြားရာမှာတော့ တိုင်းဦးစီးမှူးက ပြေလည်အောင်ဖြေရှင်းပေးမယ်လို့ ပြောကြားပြီး သူယူထားသော sim card အားပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ နောက်တနေ့မှာ မြို့နယ်ဆရာဝန်က ၀န်ထမ်းတွေအားလုံးကိုခေါ်ပီး ဆူပူကြိမ်းမောင်းပြီး မဖြေရှင်းပေးသေးလို့ ၀န်ထမ်းတွေမှာ ဘယ်သူ့ကို အကူအညီတောင်းရမှန်းမသိဖြစ်လျက်ရှိပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ခုတင် ၅၀ ဆေးရုံအတွက် ဇဗ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှလည်း သြဂုတ်လ ခွဲတမ်း sim card ၅ ကဒ် ချထားပေးခဲ့သော်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စန္ဒာလှိုင်သည် ပြောင်ပြောင်တင်းတင်းပင် သူ၏ အမည်၊ ယောကျာ်းအမည်၊သမီး၊အိမ်ဖော်နှင့် ဆေးရုံသူနာပြုအုပ် အမည်တို့ ထုတ်ယူခဲ့ပါတယ်။ဇဗ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စန္ဒာလှိုင်သည် ဆေးရုံဝန်ထမ်းများအပေါ်တွင် ဂုတ်သွေးစုပ်သည်သာမက ဆေးရုံသို့လာရောက်ပြသသော လူမမာများကိုလည်း အမြတ်ထုတ်လျက်ရှိပါတယ်။ပြင်ပလူနာလာပြသော လူမမာအား ဆေးမကုသခင် လူနာမှတ်တမ်းစာအုပ်အတွက် ၅၀၀ကျပ် စကောက်ပါတယ်။တရက်ကို လူမမာ ၂၀လာပြလျှင် ၁၀၀၀၀ကျပ် လောက်ကျန်ပါတယ်။ဆေးကိုလည်း ဆေးကောင်းများကို မပေးဘဲ ခပ်ပေါပေါဆေးများကိုသာပေးပြီး တချို့လူနာများကို လုံးဝမပေးဘဲ အပြင်မှာ မိမိဘာသာ ၀ယ်သောက်ခိုင်းပါတယ်။လူမမာများကိုတော့ ချပေးတဲ့ဆေးမလောက်လို့ဟု အကြောင်းပြပါတယ်။တကယ်ကတော့ နိုင်ငံတော်က ဆေးအလုံအလောက်ချပေးခဲ့ပေမဲ့ တိုင်းရုံးက ကျန်းဦးစီးမှူးကို ခွဲတမ်းပေးရခြင်းနဲ့ သူကိုယ်တိုင် အပြင်ထုတ်ရောင်းချနေခြင်းကြောင့်ဖြစ်ပါတယ်။ဆေးရုံကအလုပ်သမားများကိုလည်း ရွှေကြာပင်ရပ်ကွက်ထဲတွင် ဆေးဆိုင်ဖွင့်ပေးထားပြီး ဆေးရုံက ဆေးများကို တင်ရောင်းခိုင်းထားပါတယ်။တချို့ဈေးကောင်းသောဆေးများကိုတော့ ဆေးဝါး လာသွင်းတဲ့ ကုမ္ပဏီကို ဆေးဝါး မသွင်းခိုင်းတော့ဘဲ ဈေးသင့်ပြီး ပိုက်ဆံဘဲ ထုတ်ယူပါတယ်။ ကျန်းမာရေးထောက်ခံချက်များကိုလည်း စာရွက်ဖိုးအကြောင်းပြပြီး ၅၀၀၀ကျပ်ကောက်ယူပါတယ်။ပိုဆိုးတာက နာရေးထောက်ခံချက်များကိုပါ ကောက်ခံနေခြင်းဖြစ်ပါတယ်။ဆေးရုံတက်လူနာများကိုလည်း ဆေးရုံစတက်ကတည်းက ဘောက်ချာဖွင့်ထားပြီး ဆေးရုံဆင်းသည့်နေ့တွင် သူ၏အိမ်သို့ ခေါ်ပြီး သောင်းဂဏန်းတောင်းပါတယ်။ ဇဗ္ဗူသီရိမြို့နယ် ခုတင် ၅၀ ဆေးရုံ၏ မြို့နယ်ဆရာဝန်မကြီး၏ အကျင့်ပျက်ချစားမှုများအား အချိန်မီထိန်းသိမ်းနိုင်ရန် ဖော်ပြလိုက်ပါသည်။
ဆေးရုံမှ ၀န်ထမ်းတစ်ဦး
0 comments:
Post a Comment