``သေးသေးလေးကတောင်မစရဲပါ´´
ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း Pacific Electric.co မှ လျှပ်စစ်မီတာခ တစ်ယူနစ် (၇၅)ကျပ်နှုံး တိုးမြှင့်ကောက်ခံနေသဖြင့် မြို့နယ်လျှပ်စစ်ရုံး သွားရောက်မေးကြည့်ပါတယ်၊ တာဝန်ရှိသူ ဟုဆိုသူ ဒေါ်မီမီအောင်မှ အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်းအသုံးပြုသဖြင့် (၇၅ိ/)နှုံးကောက်ခံတာဖြစ်ကြောင်း၊ (၇၅ိ/)နှုံး မပေးနိုင်လျှင် (၃၅ိ/)နှုံးကောက်ခံပေးရန် လျှောက်လွှာတင်ရန်လိုကြောင်း၊ ဒါပေမယ့် ၀န်ခံဂတိ လက်မှတ်ရေးထိုးပေးရမှာ ဖြစ်ကြောင်း၊ အိမ်သုံးမီတာဖြင့် စီးပွားရေးလုပ်ငန်းသုံးတာ စစ်ဆေးလို့တွေရင် လျှပ်စစ်မီတာဖြုတ်သိမ်းခံရမယ်၊ လုပ်ထုံးလုပ်နည်းအရ အသုံးပြုတဲ့ ပစ္စည်းတွေလဲ အသိမ်းခံရမယ်၊ ကုမဏီကိုလဲ လျော်ကြေးတို့၊ နစ်နာကြေးတို့ပေးလျော်ရမယ် ဟုပြောဆိုပါတယ်။ အခြေခံလူတန်းစားများဟာ တစ်ဖက်တစ်လှမ်းမှ အိမ်သုံးစားရိပ်လေးတွေ ကာမိအောင် တစ်ပိုင်တစ်နိုင် မိမိတို့အိမ်မှာတွင်ဘဲ ဈေးဆိုင်လေးများ၊ မိတ္တူကူးဆိုင်လေးများ၊ စာအုပ်အငှားဆိုင်လေးများ၊ V.C.D အခွေငှားဆိုင်များ၊ ကွန်ပျူတာနှင့် တွဲပြီးပြုလုပ်ရတဲ့လုပ်ငန်းလေးများ စသည်ဖြင့် ရောင်းချလုပ်ကိုင်ကြပါတယ်၊ ထိုလုပ်ငန်းလေးတွေမှာ အသုံးပြုရတဲ့ လျှပ်စစ်ပစ္စည်းတွေဟာလဲ ၀န်းအားအများကြီးအသုံးပြုရတဲ့ ပစ္စည်းတွေ မပါကြပါဘူး၊ တစ်အိမ်လုံးမှာ အသုံးပြုတဲ့ မီတာယူနစ်(၁၀၀)ရှိလျှင် ၄င်းလျှပ်စစ်ပစ္စည်း အသုံးပြုတာဟာ (၅%)ခန့်သာရှိကြမှာပါ၊ ၂၀၁၃-၇လပိုင်း ကစတင်ပြီး Pacific Electric. Co မှ အိမ်သုံးမီတာဖြင့် လျှပ်စစ်မီးအသုံးပြုသည်ဟုဆိုကာ ယခင်(၃၅ိ/)နှုံးမှ (၇၅ိ/)နှုံး (၂)ဆကျော် တိုးမြှင့်ကောက်ခံပါတယ်။ နိုင်ငံတော် သမ္မတကြီးမှ အခြေခံလူတန်းစားများအတွက် (၂၅)ဦးထက်လျော့နည်းသော အသေးစား စက်မှုလက်မှု လုပ်ငန်းများအတွက် မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်၊ အခွန်တွေကင်းလွတ်ခွင့်တွေ ရရှိနိုင်အောင် လမ်းညွန် ပြုလုပ်ပေးနေသော်လည်း ၀ိသမလောဘသမား ခရိုနီ စီးပွားရေးသမားတွေရဲ့ လုပ်ရပ်တွေကြောင့် ခြေခံလူတန်းစားပြည်သူတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ``သေးသေးလေးကတောင် မစရဲ´´ ဖြစ်နေကြပါတယ်ခင်ဗျာ။
ကိုယ်တွေ့ကြံရသူများ

0 comments:
Post a Comment