Download

1:17 AM
0

 ရန်ကုန်၊

 အောက်တို့ဘာ ၁၆ ၁၅.၁၀.၂၀၁၃ရက်နေ့ ၁၉၅၀အချိန်ခန့်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၃၆)လမ်းအထက်ရှိ သရဖူမဂ္ဂဇင်းတိုက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် အဆိုပါနေရာသို့ သွားရောက်ခဲ့ရာ ဦးရဲမြင့်၊ (ဘ)ဦးစိန်ဝင်းမြင့်၊(၃၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူပိုင် သရဖူမဂ္ဂဇင်းတိုက်အတွင်းမှ မီးခိုးများအူထွက်နေသည်ကို စစ်ဆေး တွေ့ရှိရပြီး အဆိုပါနေရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းဦးစီးသည့် အုပ်ချုပ်မှုယာဉ်(၁)စီး မီးသတ်ယာဉ် (၄)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၂၀၀၇အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုပတ်သက်၍ စိစစ်ရာ နေအိမ်နောက်ဖေးတွင် တပ်ဆင်ထားသည့် အဲယားကွန်းမော်တာ အပူချိန်မြင့်တက်၍ ၀ါယာရှော့ဖြစ်ပွားပြီး အနီးရှိစာအုပ်များအား ကူးစက်ကာမီးလောင်ကျွမ်း ခဲ့သဖြင့် တန်ဘိုးငွေကျပ် (၁၇၀၀၀၀)ဆုံးရှုံးခဲ့၍ လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ ဦးရဲမြင့်အားကျောက်တံတားမြို့မရဲစခန်း(ပ)၃၆၈/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည် 

0 comments:

Post a Comment