Download

9:51 AM
0

၂၂၊၁၁၊၂၀၁၃နေ့ ၁နာရီ၂၀မိနစ်တွင် အမှတ် ၇၄/၇၅ ဇာဝေရာလမ်း၊င/က ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်ရှိအစ္စလာမ်လင်းရောင်ခြည်ဘာသာရေးစာသင်ကျောင်းနှင့်ဝတ်ပြုဆောင်ပြင် ဆင်သက်တမ်းတိုးခွင့်နှင့်ပတ်သက်၍သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံသို့ဆရာတော်ဦးသုမင်္ဂလနှင့်ဦးပါမောက္ခ( မကွေး )ဆရာတော်ပါ( ၇)ပါးမှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ဦးသိန်းညွန့်နှင့်မတွေ့ခင် မြို့နယ်အုတ်ချုတ်ရေးမှူးရုံးရှေ့တွင်သံဃာအပါး သုံးရာကျော်နှင့် လူနှစ်ရာကျော်ခန့်ရောက်ရှိနေခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်ရုံးတွင်ဆရာတော်များမှ စာသင်ကျောင်းလဲမဟုတ်ဝတ်ပြုဆောင်လဲမဟုတ်သဖြင့်မူလပုံစံအတိုင်းသာ ထားရှိပေးရန်ပြောကြားခဲ့ပါသည်။ ဦးသိန်းညွန့်မှ မြို့နယ်အုတ်ချုတ်ရေးမှူး၊ခရိုင်အုတ်ချုတ်ရေးမှူး၊စည်ပင်သာယာသို့ ဆရာတော်များအဆောက်အဦးနေရာသို့မသွားရန်နှင့်ခွင့်ပြုသူများမှတာဝန်ယူဖြေ ရှင်းပေးရန်မေတ္တာရပ်ခံရာရန်ကုန်တိုင်းအစိုးရမှယာယီရပ်ဆိုင်းထားကြောင်းနှင့် စုံစမ်းရေးကော်မတီဖွဲ့စည်းပေးပါမည့် အကြောင်းပြန်ကြားခဲ့ပါသည်။ ဆရာတော်များမှလည်းသဘောတူကြောင်းပြန်လည်ပြောကြားပြီး ၂ နာရီအချိန်တွင်ပြန်လည်ထွက်ခွါသွားပါသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် Facebook  မှ ကူးယူဖော်ပြပါသည်။

ပြည်သူ့ဟစ်တိုင်

0 comments:

Post a Comment