စာရေးဆရာရဲ့ . . .
ကလောင်ဟာ ငါ့ရင်ဘတ်ကို
တစ်ချက်ခြင်းတစ်ချက်ဆွဲနေတယ်။
ကောက်ကြောင်းတွေဆိုပေမယ့် တကယ့်ကိုပဲအသက်ဝင်နေတယ်ကွာ။
☀ အလင်းရှင် ☀
"ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဆိုပြီး သိပ့်အထင်မကြီးနဲ့ " ဒီစကားကို ကျမ်းပြုအကျော် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရား ရတနာ့ဂုဏ်ရည်ကျမ်းထဲမှာပြောခဲ့တာ။ ငါ ကိုရင်ဘ၀ကတည်းက အဲဒီ စာအုပ်ကိုဖတ်ပြီး အဲဒီစကားလေးကို မှတ်ခဲ့တယ်။ အဓိပ္ပါယ်တော့ အဲဒီအရွယ်တုန်းကဘယ်သိမှာလည်းကွာ။ ဒီဆရာတော်ဘုရားကြီး ဟာ ဘာ့ကြောင့်များ တို့ကို ဒီလိုကြီးဆုံးမခဲ့ပါလိမ့်လို့ အတွေးမဆုံးနိုင်ခဲ့ဘူးပေါ့။ ကဲ . . ညီတို့ရေ . . တို့တွေ အတွေးမှန်ဆိုတဲ့ သမ္မာသင်္ကပ္ပကောင်းကောင်းရဖို့ တို့တွေ အတွေးအားလုံးကို အမှန်တွေးနိုင်မယ့်စာအုပ်အထောက်အကူလိုလာတယ်။ ဒါ့ကြောင့် ညီတို့အတွက် သိပ်တွေးလို့ကောင်းမယ့်အတွေးစာအုပ်လေးတစ်အုပ်ကို ပေးချင်တယ်။ ဒီလိုစာအုပ်တွေ ဖတ်ထားရင် နောက် ကြာလာရင် အလင်းရှင်နဲ့ အတွေးတစ်ထပ်တည်း တူလာလိမ့်မယ်နော် . .. ဒီစာအုပ်ဟာ ဘယ်လောက်အထိကောင်းသလဲဆိုရင် ငါကိုယ်တိုင်တောင် အခုမှ မြည်းစမ်းကြည့်တုန်း . . သို့သော် အစပိုင်းတင် ငါလက်ကမလွှတ်ချင်တော့ဘူး။ စာရေးဆရာရဲ့ ကလောင်ဟာ ငါ့ရင်ဘတ်ကို တစ်ချက်ခြင်းတစ်ချက် ဆွဲနေတယ်။ ကောက်ကြောင်းတွေဆိုပေမယ့် တကယ့်ကိုပဲ အသက်ဝင်နေတယ်ကွာ။ အဲဒီစာရေးဆရာကတော့ ဆရာကြီးဦးေ၇ွှအောင်ဖြစ်ပြီး စာအုပ်လေး Title ကတော့ ဘ၀အကျဉ်းသား တဲ့။ စာအုပ်ကထွက်ရှိပြီးတာတော့ကြာပါပြီ သို့ သော် ငါလည်း အခုမှ ဖတ်ရမှာပါ။ နေ့လည်က အမျိုးဘာသာသာသနာအစည်း အဝေးကပြန်လည်မှ အစလေးလှန်ဖတ်မိတာ ကောင်းလွန်းလို့ မင်းတို့ကိုသတိ ရသွားတယ်။ သူငယ်ချင်းကောင်းဆိုတာ ဒီလိုပဲလေ . . အစားကောင်းလေး အ၀တ်ကောင်းလေး ၀တ်ရစားရရင် သူငယ်ချင်းတွေကိုသတိရတက်တယ်တဲ့ ငါလည်း ဒီတိုင်းပဲကွာ စာအုပ်ကောင်းလေးတွေတွေ့ရင် မင်းတို့ကို အရမ်းသ တိရမိတယ် . . မယုံရင် ငါ့ရင်ထဲကိုဝင်ကြည့်လှည့်ပါ။
☀အလင်းရှင် ☀
ဒီမှာဝင်ဆွဲနော် ဘ၀အကျဉ်းသား (PDF File) ဒေါင်းလုပ်စွဲရန်

0 comments:
Post a Comment