Download

9:56 AM
0

(ဓာတ်ပုံ - Thu Kha Facebook )
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အီတာလျံ-ထိုင်းကုမ္ပဏီမှ ကျောက်ထုတ်လုပ်ရန် မယင်းကြီးတောင်နံဘေးရှိ လိုင်းကြည့်တောင်အားဖြိုရာမှ မြေနီအရည်များ မိုးရေနဲ့အတူစီးဆင်းလာပြီး လယ်ကွင်းပြင်ထဲဝင်ရောက်သဖြင့် စိုက်ပျိုးထားသည့် လယ်ယာမြေများ ပျက်စီးရကြောင်း ထားဝယ်ဒေသခံတစ်ဦး၏ facebook စာမျက်နှာတွင် တွေ့ရသည်။
လယ်သမားများ အနေဖြင့်စိုက်ပျိုးစရိတ်ပင်မရကြကြောင်း၊ လျော်ကြေးလည်း လုံးဝမပေးကြောင်း၊တနင်္သာရီတိုင်းအစိုးရအဖွဲ့က နွားတွေလည်း ကိုယ့်ပြည်သူကို တိုင်းတပါးသားကုမ္ပဏီက အနိုင်ကျင့်နေတာကို လစ်လျူရှု ကာကွယ်ပေးခြင်းလုံးဝမရှိဟု ရေးသားထားသည်ကို တွေ့ရသည်။
ကိုတိုင်ရင်ဖွင့်ထားသူ တစ်ဦးကတော့ “ရေနီတွေဆင်းလို့စပါးတွေသေ လျှော်ကြေးမရ တကယ်စပါးပြည့်အောင်စိုက်ခဲ့တဲ့နေရာ။ ၀မ်းနည်းလွန်းလို့ သူကိုယ်တိုင်ပြောနေတာပါ၊ ဒီနှစ်စိုက်ပျိုးစရိတ်တောင်ပြန်မရတော့ဘူးလို့ပြောနေတာပါ။လျှော်ကြေးဝေလာဝေး” ဟု ဖော်ပြထားသည်။

0 comments:

Post a Comment