Download

8:43 AM
0

 ရခိုင်အမျိုးသမီးများ မကြာမကြာ အသတ်ခံနေကြရကြောင်းကြားသိနေရသည့်အတွက် မိမိတို့  ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာစိတ်မကောင်းဖြစ်ရသည်။ အောက်တိုဘာလ (၃၁) ရက်နေ့ ကရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် တည်းခိုခန်းတစ်ခုတွင် အသက် (၂၆) နှစ် အရွယ် ရခိုင် အမျိုးသမီးမမိမိစံ အသတ်ခံသွားရသည်။ မမိမိစံသည်မြေပုံမြို့နယ်သူတစ်ဦးဖြစ်ကြောင်းသိရသည်။ ထို့အတူ နိုဝင်ဘာလ (၁)ရက်နေ့ ညနေ (၆) နာရီခန့်လောက်တွင် ပေါက်တောမြို့နယ်မှ အမျိုး သမီး (၃) ဦး ရခိုင်ပြည်ရှိဘင်္ဂလီ နွယ်ဖွါးများ၏ တိုက်ခိုက်ခံခဲ့ကြရသည်သာမက အမျိုးသမီး (၁) ဦးမှာ သေဆုံးသွားခဲ့သည်။ သေဆုံးသူမှာအသက် (၃၀)အရွယ် မခင်လှဆိုသူဖြစ်သည်။ နောက်တဦးမှာပြင်း ထန်သောဒဏ်ရာဖြင့်စစ်တွေဆေးရုံသို့ အပြင်းသယ်ဆောင်လာခဲ့ရသည်ဟုသိရသည်။ ထို့ အတူ လွန်ခဲ့သောဇွန်လ (၂၉) ရက်နေ့က တောင်ကုတ်သူ မစုစုမွန် ရခိုင်ပြည်ရှိ ဘင်္ဂလီ နွယ်ဖွါးများ၏ မုဒိန်းကျင့်ခံလိုက်ရသည်။ ထို့်အတူ သြဂုတ်လ (၂၅) ရက်နေ့က ပေါက်တောမြို့ နယ် ကြိမ်နှီပြင်ကျေးရွာမှဒေါ်လှသန်းစိန် အသက် (၃၈) နှစ်သည်သူမ၏ လယ်ထဲတွင်အသတ်ခံသွားရရှာ သည်။ ဤအမှုအတွက်လည်း သေချာသောဖမ်းဆီးစစ်ဆေးမှု မရှိသေးကြောင်းသိရသည်။

ဤသို့ ရခိုင်အမျိုးသမီးများအား တာဂတ်ထား တိုက်ခိုက်နေသည်မှာ တိုင်းပြည်လုံခြုံရေးကို အထူးထိခိုက်စေပြီး ကိုယ့်မြေကိုယ့်ရေ နှင့် ငြိမ်းချမ်းစွာနေလိုသည့် ရခိုင်များကို ဒေါသဖြစ်စေရန် သွေး ထပ်မံဆွပေးနေသည်ဟု မိမိတို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှခံယူသည်။ ရခိုင်ပြည်၌ကုလားရခိုင် အဓိကရုဏ်း စတင်လာသည်မှာလည်း ကျောက်နီမော် ကျေးရွာသူ မသီတာထွေးအား မုဒိန်းကျင့်ပြီးရက်စက်စွာ သတ်ဖြတ်ခြင်းမှ စတင်လာခြင်းဖြစ်သည်ဟု မလွဲမသွေ ဆိုရပေမည်။ ရခိုင်အမျိုးသမီးများအား ဤသို့ တာဂတ်ထား တိုက်ခိုက်နေမှူ အဆုံးသတ်ရေးနှင့် ထိုက်တန် သည့်ပြစ်မှုအလိုက် လူသိရှင်ကြားစီရင်ဆုံးဖြတ်ပါရန် နိုင်ငံတော်တာဝန်ရှိသူများသို့ မိမိတို့မှ ပြင်းထန် စွာ တောင်းဆိုမေတ္တာရပ်ခံလိုက်သည်။ မိမိတို့ရခိုင်ပြည်သူတို့မှာ မိမိတို့နေရာဇာတိမြေ ၌ လုံခြုံမှူမရှိဖြစ်လာသည်မှာ အထူးသတိထား စရာ ၀မ်းနည်းစရာဖြစ်နေပြီး နိုင်ငံတော်မှအထူးသတိထား၍လုပ်ဆောင်ရန် လိုအပ်နေသော ကိစ္စတစ် ခု ဖြစ်ကြောင်းလည်း မိမိတို့မှ ထုတ်ပြန်လိုက်သည်။

ထို့အတူ မူဆလင်များအပေါ် တာဂတ်ထား တိုက်ခိုက်နေသည်ဆိုသော OIC နိုင်ငံများ ၏နား လည်နေမှုမှာ ပြောင်းပြန်ဖြစ်နေပြီး မိမိတို့ရခိုင်များသည်သာ ကိုယ့်မြေ၌ လုံခြုံမှုကင်းမဲ့နေကြရ ကြောင်းကိုလည်း OIC မှ အမြင်မှန်ရလာစေရေးအတွက်အမှန်တရားဖေါ်ထုတ် သွားကြရန်အထူးလို အပ်နေသည်။ အမှန်တရားကိုမသိဘဲ ပြသနာကိုဖြေရှင်းရန် နည်းလမ်းရှာပါက ပြသနာပြေလည်ရန် ခက်ခဲ ကြောင်းကိုလည်းမိမိတို့မှနိုင်ငံတကာသို့ထောက်ပြလိုက်ပေသည်။ တဆက်တည်းတွင် မတရား သတ် ဖြတ်ခံရသော အမျိုးသမီးများ ၊ မုဒိန်းကျင့်ခံရသော အမျိုးသမီးများအတွက် ထိရောက်သောအရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်ပါရန် အာဏာပိုင်များသို့ မိမိတို့ မှ တောင်းဆိုမေတ္တာရပ်ခံလိုက်သည်။ အ ထူးသဖြင့်ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်သောဆောင်ရွက်မှုများပေးပါရန် နိုင်ငံ တော်အစိုးရသို့ မေတ္တာရပ်ခံလိုက်သည်။

သတင်း နှင့် ပြန်ကြားရေးဌာန
 ရခိုင်အမျိုးသမီးများအစည်းအရုံး

ဆက်သွယ်ရန် စောမြရာဇာလင်း - Ph. 880 – 1732 64 9007, 880 1830 879 473 , 09421 734 676 (စောစံငြိမ်းသူ)

ရခိုင်အမျိုးသမီး အစည်းအရုံး  မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment