Download

11:51 AM
0


          ဒီကနေ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အမျိုးသားရေး ညီအစ်ကိုတွေ ဆွေးနွေးပွဲလေးတစ်ခုလုပ်တယ်။ ဖွဲ့စည်းပုံတွေ ၊ ရည်ရွယ်ချက်တွေ ၊ စည်းမျဉ်းစည်းကမ်းတွေ တိုင်ပင်ဆွေးနွေးကြတယ်။ အမျိုးသာေးရးအတွက် တက်စွမ်းသ၍ ကြိုးပမ်းကြဖို့ “သွေးအေးလို့ မနေသင့်ပြီ”လို့ ဆိုစကားရှိထားတဲ့အတိုင်း အမျိုးသားရေးအတွက် လည်း သွေးအေးမနေသင့်တော့တဲ့အချိန်ဖြစ်တဲ့အတွက် လုပ်ကိုင်ဆောင်ရွက်ဖြစ်ခဲ့ကြတာပါ။ ဒုတိယံပိ ၀မ်းသာ စရာအနေနဲ့ အကျဥ်းထောင်အသီးက နိုင်ငံရေးအကျဥ်းစားတွေလွှတ်တယ်ဆိုတော့ ၀မ်းသာရပြန်ရောဗျို့။ အဲဒီ လိုကနေ အစ်ကိုတစ်ယောက်က ခေါ်သွားလို့ သီလရှင် ဆရာတော်လေး တစ်ပါး ပေါင်ရိုးကျိုးပြီး စတီးရိုးထည့် ထားရတာကို သူတို့တွေ ကူညီနိုင်သလောက် သွားရောက် ထောက်ပံ့ကူညီကြမယ်ဆိုတော့ ၀မ်းသာပိတိ ဖြစ်ရ ပြန်ပြီဗျို့။ စာရှုသူတို့အနေနဲ့လည်း ထပ်တူထပ်တူထပ်မျှ ၀မ်းသာလိုက်ကြပါလို့သာ အတင်းကာရော တိုက်တွန်း လိုက်ပရစေတော့။ ၀မ်းသာပီတိဖြစ်မှုတွေနဲ့အတူ အနေစောင်းလာတော့ ၀မ်းသာတဲ့အဆင့်ကနေ ဂုဏ်ယူစရာ အဆင့်ကိုရောက်လာတယ်ဗျို့။


          ကျွန်တော်လက်ဖက်ရည်ဆိုင်ထဲကို ကြည့်လိုက်တော့ ၀ိုင်းအပြည့်ထိုင်နေတဲ့ ပရိတ်သတ်တွေ တီဗီဖန် သားပြင်ကနေ မျက်စိမခွာနိုင်တဲ့အဖြစ်ကိုတွေ့ရတယ်။ မေ့မေ့လျှော့လျှော့ ဒီနေ့ဒီရက်ဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ (၂၇)ကြိမ်မြောက် အာဆီယံအားကစားပွဲတော် ဖွင့်ပဲနေ့ဆိုတာကို ကျွန်တော်မှ သတိမမူဘဲ။ လူကြပ်နေတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ဖင်တစ်နေရာစာ ခုံရအောင်ရှာပြီး သူများဝိုငဘေးမှာ သွားပူးကပ် ထိုင်လိုက်တယ်။ အဖွင့်မိန့်ခွန်းကို နိုင်ငံတော်သမ္မတကြီးကိုယ်စား ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြောပေးနေတယ်။ သိပ်ပြီးတော့ ရင်ခုံစရာ မကောင်းသေးဘူးဗျ။ ဦးဥာဏ်ထွန်းရဲ့ မိန့်ခွန်းအပြီးမှာ ၀ဏ္ဏသိဒ္ဓိ အားကစားရုံကြီး ပတ်ပတ်လည်က ဖောက်လွှတ်လိုက်တဲ့ မီးရှူးမီးပန်းတွေရဲ့ အရောင်အ၀ါက ကြက်သီးဖြန်းဖြန်းထပြီး တစ်ကိုယ် ရေ တစ်ယောက်တည်း ကြိတ်ပြီး ရေရွတ်လိုက်မိတာက “ ဟာ . . . ကမ္ဘာ့ဖလား ပွဲတော်ကြီးအလား”ပေါ့။

          အဲဒီနောက်မှာ နေပြည်တော် City Hall ကနေ လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ မီးရှူးတိုင်ကို တစ်ချိန်က မြန်မာ့ဂုဏ်ဆောင်ခဲ့ကြတဲ့ အားကစားသမားကြီးတွေ ရွှေတံဆိပ် (၁၉)ဆုရှင် ၊ ရွှေတံဆိပ် (၁၈)ခု ရှင်၊ ရွှေတံဆိပ် (၃)ခုရှင် ဆိုတဲ့ နိုင်ငံဂုဏ်ဆောင်ကြီေးတွ သယ်လာတော့ ငါတို့မသိခဲ့တဲ့ ရွှေခေတ်က အားက စားသမားကြီးတွေပါလားပေါ့။ အဲဒီမှာ မီးရှူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်လာရာကနေ မြန်မာ့မျှားပြစ် လက်ရွှေးစင်သမားက လယ်ဆောင်လာတဲ့ မီးရှူးတိုင်က မီးနဲ့ မျှားဦးကို မီးမြှိုက်ပြီး ပင်မ မီးရှူးတိုင်ကြီးကို မြှားနဲ့ ပြစ်ပြီး ထွန်းညှိမယ်ဆိုတာ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်မှာ အထင်အရှားဖော်ပြခဲ့တဲ့ ရာမမင်းသား လေးတော် တင်ခန်းအလား ထင်မိတယ်ဗျာ။ ဘေးမှာ ရင်းနှီးဆုံးအဖော်မပါသည့်တိုင် တစ်ကိုယ်ရေ ပြုံးပျော်နေမိသလို ကိုယ့်ဘေးက လူတွေအားလုံးကလည်း အပြုံးကိုစီနဲ့ပါ။
          အားကစားသမားတွေကွင်းထဲက နှုတ်ဆက်ထွက်ခွာသွားပြီးချိန်မှာ ဖျော်ဖြေရေး အစီအစဉ်ကို ရောက် လာတယ်။ ကျွန်တော်ဘယ်တော့မှ တွေးထင်မထားခဲ့ဖူးတဲ့ မြင်ကွင်းမျိုး မြင်ရတော့မှာဗျို့။ ဖျော်ဖြေရေး အစီ အစဉ်အဖွင့်မှာပဲ ထေဒ၀ါရ ဗုဒ္ဓသာသနာတော် ထွန်းကာခဲ့ရာပုဂံမြေဆိုတဲ့ ဇော်ဝင်းထွဋ်သီဆိုတဲ့ သီချင်းကို မြန်မာ့ရာဇ၀င် သရုပ်ပြကွက်နဲ့ တင်ဆက်မှာဖြစ်ကြောင်း ဆိုတာနဲ့တင် ကျွန်တော် အလွန်ဝမ်းမြောက်နေမိပါပြီ။ ထေဒ၀ါရ ဗုဒ္ဓသာသနာထွန်းကားရာမြေဖြစ်တယ်ဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ဖော်ပြတော့မှာပါလားလို့ ဆန်းပြားတဲ့ ပြကွက်ဆန်းတွေ မလာမီကတည်းက ပိတိဖြစ်နေမိတာပါ။ တစ်ကွင်းလုံး မှောင်မှောင်မဲနေတဲ့ကြား က ပုဂံရှုခင်းတွေထွက်ပေါ်လာတော့ အံ့သြလိုက်တာ။ ဒို့မြန်တွေ ဒီလောက်အထိ လုပ်နိုင်နေကြပြီလား။ ဘယ်သူတွေ ဒီလိုလုပ်နိုင်သေးလို့တုံး။ စေတီပုထိုးတွေနဲ့ ပုဂံရှုခင်းတွေကို ကွင်းထဲမှာ ကြည့်နေတဲ့ ပရိတ်သတ် တွေထက် ကျွန်တော်တို့ TV ဖန်သားပြင်ကို ကြည့်ရှုပြီး အားပေးနေသူတွေက ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်ရ လိမ့်မယ်လို့ ထင်မိတယ်။ ဒီနေရာမှာ ကျွန်တော် အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သီးချင်းစာသားတွေ ထည့်သွင်း ဖော်ပြပါရစေဗျာ . . . ဇော်ဝင်းထွဋ်ရဲ့ “မဟာ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ -
(အားလုံးသော နံရံ သော့ချက်များ . . . မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သံစဉ်များ . . . ရာစုနှစ်အဆက်ဆက် ပေးဆပ်ခဲ့တဲ့ . . . အားလုံးရဲ့အမွေ . . . အရုပ်အဆင်းမပျက် ပညာ ပန်းအတတ်များ . . မြန်မာအနုအလှ သုခုမလက်ရာများ . . . . သမိုင်းဝင်ကဗျည်းထက် တို့နှလုံးအိမ်သွေးစက် ချည်ကပ်ထားမြဲထားပါလား . . . . . . မြင့်မြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ . . . . မင်းတရား အနော်ရထာ ကျေးဇူးများ ဒီမြေကြီး ထက်မှာ . . . ဒီမြေဟာ တို့တွေရဲ့ . . . နှလုံးသားဝိဥာဉ်ပဲ . . . . အားလုံးရဲ့ ပုဂံ
သူရဲကောင်းတို့ဒဏ်ရာ ဓားချက်များ . . . မြန်မာတို့ရဲ့ အမျိုးသား အားမာန်များ . . . ပုံရိပ်တွေထားခဲ့ . . ကမ္ဘာ အနှံ့ကိုပျံ့ခဲ့ . . . မပျောက်ပျက် ယခုတိုင်ပဲ . . . . . . . . . . . ဟာ ..ဟာ . . . ဗုဒ္ဓသာသနာ အလင်းစက်များ ထိန်ထိန်ငြီးကာ . . . ရဟန်းမြတ် အရဟံ ထွန်းညှိခဲ့ သာသနာ အလင်းရောင် . . . ဒီမြေဟာ တို့တွေရဲ့ နှလုံးသားဝိဥာဉ်ပဲ . . . . . . အားလုံးရဲ့ ပုဂံ
ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ . . . မင်းတရာ အနော်ရထာ ကျေးဇူးများ ဒီမြေကြီး ထက်မှာ . . . ဒီမြေဟာ တို့တွေရဲ့ နှလုံးသား ၀ိဥာဉ်ပဲ . . . အားလုံးရဲ့ ပုဂံ)
ဒီပြကွက်ကို သရုပ်ဖော်သူတွေကလည်း ဗုဒ္ဓသာသနာတော်ကို ထွန်းကားပြန့်ပွားစေခဲ့ တဲ့ ဘုရင် အနော်ရထာ ၊ သူရဲကောင်း(၄)ဦး ဆိုတဲ့ပုံကို ထင်ရှားအေင် ဇော်ဝင်းထွဋ်ရဲ့အော်သံ “ ဒီမြေဟာ တို့တွေရဲ့ နှလုံးသားဝိဥာဉ်ပဲ” ဆိုတာနဲ့ အားပြည့်မာန်ပြည့် သရုပ်ပြသွားတယ်ဗျာ။ အတိုင်းတိုင်းအပြည်ပြည်က ကြည့်ရှုခံစားနေသူတွေ ရင်သက်ရှုမောဖြစ်နေကြမှာပဲလို့ တွေးမိတယ်။
          နောက်မှာတော့ မြန်မာ့ရိုးရာအက အလှတွေကို လူအင်အား အမြောက်အများနဲ့ တက်ညီလက်ညီ ကပြအသုံးတော်ခံသွားတာတွေဟာ ရင်သပ်ရှုမောပါပဲ။ စုစည်းမှု ၊ ညီညွတ်မှုကို ဖော်ကျူးသွားတယ်လို့ ခံစားမိ တယ်။ လက်လှုပ်တယ် ၊ ပါးစပ်လှုပ်တယ်ဆိုတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်ဖို့ဆိုတာ အတော်ကြိုးစားရတဲ့ အလုပ်ပါ။ ဘယ်လောက်အထိ အပင်ပန်းခံပြီး လေ့ကျင့်ထားကြသလဲဆိုတာ တွေးကြည့် ကြတော့။ မြန်မာဆိုတာကို ကမ္ဘာက သိစေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခွင့်သင့်လို့ အခါကြုံတုန်း ပြသလိုက် တဲ့ ကကွက်ဆန်းတွေ ၊ “မောင်မောင်ခေါ်လို့မှ ဗျာမထူးရင်” နောက်နောင် ဒီလိုအခွင့်အရေးမျိုးရဖို့ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ချီပြီစောင့်စားရအုံးမှာလေဗျာ။
          ချီးမွမ်းခန်းတွေထုတ်ရမယ်ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ ရင်ထဲထိသွားစေတာက ဇော်ဝင်းထွဋ်ရဲ့ အဖွင့်သီချင်း ၊ အဲဒီနောက် . . . . . အဲဒီနောက်မှာ တင်ဆက်သွားတာတွေကလည်း တစ်မျိုးပြီး တစ်မျိုး မရိုးပါဘူး။ ကျွန်တော်တို့ မြန်မာရဲ့ စိတ်ဓာတ်ဟာ အားလုံးကို မခွဲခြားဘဲ တန်းတူရည်တူစိတ်ထားရှိ ကြောင်းကို ပြသတဲ့အနေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပြသခြင်းသာမက အရှေ့တောင်အာရှ ပြိုင်ပွဲဝင် နိုင်ငံအသီးသီးရဲ့ ရိုးရာ အကအလှများကိုလည်း တင်ဆက်စေခဲ့ပါသေးတယ်။ အရှေ့တောင်အာရှရဲ့ ရိုးရာယဉ်ေ ကျးမှုအကတွေမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကွဲပြားလှတယ်လို့ မရှိပါဘူး။ အနည်းငယ် လက်အချိုး အကွေးလေးတွေမှာသာ ကွဲပြားသွားပြီး ယဉ်ကျေးမှုတူညီတဲ့ ပြယုဒ်တွေကိုလည်း မြင်တွေ့ခံစားလိုက်ကြ ရမှာပါ။ အကအလှတွေရဲ့ ကြားထဲမှာ အလံတိုင်တွေ ကိုင်ဆောင်ပြီး လှည့်ပတ်နေတာက ကျောင်းသား ကျောင်းသူလေးတွေဗျ။ ဒီပွဲအတွက် သူတို့လေးတွေရဲ့ အားကို ရဖို့ အချိန်အတော်ယူပြီး စနစ်တကျ လေ့ကျင့် ပေးခဲ့ရတယ်။ ဒီဖွင့်ပွဲကြီးအတွက် တစ်ဦးချင်း တစ်ယောက်ချင်း ချီးမွမ်းခန်း ထုတ်နေဖို့ မလိုတော့ဘဲ ကျောင်းသား/ ကျောင်းသူလေးတွေ ၊ အနုပညာရှင် ၊ အတတ်ပညာရှင်တွေက စလို့ နိုင်ငံတော် လူကြီးမင်းများ အားလုံးကို ဂုဏ်ပြုလိုခြင်းဖြစ်ပါတယ်။
မြန်မာဆိုတာကို ကမ္ဘာက သိစေဖို့ . . . . . ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားရာ တိုင်းပြည် ဖြစ်ကြောင်း သိစေဖို့ အနုပညာရှင် အတတ်ပညာရှင်တွေရဲ့ အားကိုယူပြီး မြန်မာ့ဂုဏ်ကို ဖော်ညွှန်းသွားတဲ့ အပေါ်မှာ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂုဏ်မပြုနိုင်ဘူးဆိုတဲ့သူ ဘယ်လိုလူတွေများ ဖြစ်နေမလဲ။ ဂုဏ်မယူဘဲ မနေနိုင်ဘူးလို့ကို ကျွန်တော်ယုံကြည်နေမိပါတယ်။ နောက်ဆုံး နောက်ဆုံးမှာတော့ မြန်မာပြည်ဆိုတဲ့ လှပခန့် ညားတဲ့ အ၀န်းအ၀ိုင်း မြန်မာ့မြေပုံကို လူတွေက ကိုယ်စားပြုပြီး ဖော်ညွှန်းသွားတယ်။ အရောင်အမျိုးမျိုးပြောင်း ပြီး မြန်မာ့မြေပုံကို ပေါ်လွင်ထင်ရှားစေခဲ့တယ်။
ကျွန်တော်ပြောချင်တဲ့ မြန်မာကို ကမ္ဘာက သိစေခဲ့ပြီဆိုတာ အလကားမဟုတ်ပါဘူးဗျာ။ တစ်ချိန်က မြန်မာဆိုတာကို ကမ္ဘာကို လျစ်လျှူရှုခဲ့တာရှိကောင်းရှိမယ်။ မြန်မာနိုင်ငံအပေါ်က ဂုတ်သွေးစုပ်ယူသွားတာတွေ ရှိကောင်းရှိမယ်။ မြန်မာကို ကမ္ဘာက မျက်မုန်းကျိုးလောက်အောင် ဖန်တီးခဲ့တဲ့သူတွေရဲ့ သမိုင်းကသက်သက် ရှိနေလိမ့်မယ်။ ကျွန်တော်အနေနဲ့ ခမ်းနားထည်ဝါလှတဲ့ ဒီမြင်ကွင်းကြီးကို ဓာတ်ပုံရဖို့ လိုက်ရှာတယ်ဆိုရင်ပဲ www.channelnewsasia.com မှာ ဖွင့်ပွဲဓာတ်ပုံနဲ့တကွ မီးရှူးတိုင်းကို မြှားနဲ့ပစ်ပြီးထွန်းညှိသွားတာကအစ ထောင်ပေါင်းများစွာသော တင်ဆက်သူတွေနဲ့အတူ နိုင်ငံတကာက အကြံပေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွား တယ်ဆိုတာကိုပါ စီကာပတ်ကုံးဖော်ပြသွားခဲ့ပါပြီဗျာ။
ဒီပွဲကြီးအတွက် TV ဖန်သားပြင်တွေပေါ်မှာ ရှုစားခွင့်ရသလို အွန်လိုင်းကနေလည်း တိုက်ရိုက်ကြည့်ရှု ခံစားနိုင်အောင် စီစဉ်ပေးထားတယ်။ ဒီ့အတွက် ကျွန်တော်တို့မြန်မာနိုင်မှာ ကျင်းပခွင့်ရခဲ့သော ၂၇ကြိမ်မြောက် အာဆီယံအားကစားပွဲတော်ကြီးဟာ မြန်မာကို ကမ္ဘာက သိအောင် ဖွင့်လှစ်လိုက်တဲ့နေလို့ တင်စားချင်တာ ပါဗျာ။ MRTV4 မှာ ပရိတ်သတ်တစ်ဦးပြောသွားတာကို ပြန်လည်ဖော်ညွှန်းရရင် “ကျုပ်တို့မြန်မာတွေက မလုပ်ချင်ရင်လည်း မလုပ်ဘူး။ လုပ်ရင်လည်း သူများထက် ထူးခြားအောင် လုပ်တယ်။” ပေါ့ဗျာ။ ဒီနေ့  ဒီရက် ၁၁ - ၁၂ - ၂၀၁၃ ဆိုတာကို မှတ်တမ်းတင်ပြီး နှစ်စဉ်နှစ်တိုင်း ဒီအခမ်းနားရဲ့မြင်ကွင်းကို စဉ်ဆက်မပြတ် ရုပ်သံမီဒီယာတွေကတဆင့် ၊ သတင်းမီဒီယာတွေက တစ်ဆင့်ပြန်လည်ဖော်ပြခြင်းတွေ လုပ်ဆောင်သွားကြ မယ်ဆိုရင်ဖြင့် မြန်မာကို ကမ္ဘာက သိစေရုံမျှက “ ကမ္ဘာမှာ မြန်မာဟေ့ . . . ကမ္ဘာမှာ မြန်မာဟေ့” လို့ အဆုံးမရှိ ရင်ထဲက ပီတိကို စာရှုသူများအတွက် မျှဝေခံစားလိုက်ရကြောင်းပါဗျာ။  

(ကျွန်တော်၏ ရေးသားတင်ပြမှုသည် ဂုဏ်ယူဖွယ်ရာ ၂၇ကြိမ်မြောက် အာဆီယံ အားကစားပွဲတော်ကြီးကို ပုံဖော်နိုင်စွမ်းမရှိဟု ယူဆပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်)

နောင်တော်လေး (ဘိုကလေး)

0 comments:

Post a Comment