Download

9:57 AM
0


တောင်ကြီးမြို့ကိုရောက်ခိုက် Online friend တစ်ဦးရဲ့ကောင်းမှုကြောင့် လေးစားဖွယ်ရာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကြီးတစ်ဦးနဲ့ ဈေးကြီးက သူ့ဆိုင်မှာ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ အသက် ၇၆ နှစ်ရှိပြီး ကောင်တာမှာ အပြုံးနဲ့ထိုင်နေတဲ့ အမယ်ကြီး နဲ့ စကားပြောရတာ အမျိုးသားရေးစိတ်ကို တက်ကြွစေပါတယ်။ သူကောင်တာပေါ်မှာ တင်ထားပြီး ဈေးဝယ်သူတွေကို အခမဲ့ ဖြန့်ဝေပေးနေတာတွေက ၉၆၉တရားခွေမျိုးစုံနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေပါ အရေးကြီးအချက်များ စာအုပ်ပါ။ သူမရဲ့အမျိုးသားက အသက် ၈၃နှစ်ရှိပြီဖြစ်ပြီး ဝိပ္ပဿနာ တရားအားထုတ်နေကြသူတွေပါ။

ဝိပဿနာအားထုတ်နေသူတွေက အမျိုးဘာသာသာသနာကို အစဉ်နိုးကြားစေတဲ့ ၉၆၉ အမျိုးစောင့်လမ်းကြောင်းပေါ်ကို ဘယ်လိုရောက်လာရသလဲဆိုတော့ လိုအပ်လို့ရောက်လာရတာပေါ့တဲ့။ အမျိုးသားရေး တရားပွဲတွေ ဖြစ်ပေါ်လာချိန်ဟာ ကျမစိတ်အချမ်းသာဆုံး အချိန်ပါပဲ။ ဘာသာတရားဟာ ငယ်စဉ်ထဲက ရင်းနှီးစေချင်တယ်ဆို စာသင်ကျောင်းတွေဟာ အကောင်းဆုံးပါပဲ။ ကျမ ငယ်စဉ်မူလတန်းကျောင်းတက်တော့ မနက်ဆို ကျောင်းလာရင် ဘုရားပန်း ယူလာရတယ်။ ကျောင်းရောက်ရင် စာမသင်ခင် ဘုရားရှိခိုးရတယ်။ ဒါကြောင့်ကျမတို့ဟာ ငယ်စဉ်ကတည်းက စိတ်နှလုံးတွေ သိမ်မွေ့တယ်။ ငယ်စဉ်ကတည်းက ငါးပါးသီလကို မြဲအောင်နေတတ်ခဲ့တယ်။ သမီးတွေကျောင်းတက်တော့ ဘာသာရေးနဲ့ ပတ်သက်တဲ့သင်တန်းတွေမှာ ဆုတွေရခဲ့တယ်။ မြေးတွေခေတ်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ရင်းနှီးခွင့် နဲပါးသွားတယ်။ ခုဓမ္မစကူလ်းတွေ ပေါ်ကောက်လာတာ အရမ်းကောင်းတယ်။ သမီးကြီးဆို အပါတ်စဉ် ဓမ္မစကူလ်းတွေမှာ မုန့်သွားကြွေးတယ်။ ကလေးတွေ တက်ချင်စိတ်ရှိအောင်တဲ့။


ကျမဆိုင်မှာ ၉၆၉ တံဆိပ်ကပ်လိုက်တော့ အစ္စလာမ်တွေ တစ်ယောက်မှ မဝယ်ကြတော့ဘူး။ ကျမကလည်းဆိုင်မှာ ရောင်းတဲ့ပစ္စည်း အားလုံးကို ပြန်စစ်ဆေးတယ်။ မူစလင်ထုတ်တဲ့ပစ္စည်း၊ မွတ်စလင်နိုင်ငံက ထုတ်တဲ့ပစ္စည်း လုံးဝတင်မရောင်းတော့ပဲ ဝယ်သူကိုပိုလေးစားလိုက်တယ်။ ၉၆၉ တံဆိပ်ကပ်ရုံနဲ့ မူစလင်တွေ ကျမကိုမကျေနပ်တော့ဘူး၊ ဆိုင်ရှေ့လာပြီး စောင်းမြောင်းဆဲဆိုတာတွေပါလုပ်လာတယ်။ ဒါပေမယ့် ကျမတို့ ဗုဒ္ဓနည်းက သည်းခံတဲ့နည်းပဲ၊ ကျမသည်းခံတယ်။ ၉၆၉ ကိုဦးထိပ်ထားလို့ ၉၆၉ အမှတ်တံဆိပ်ကို မြတ်နိုးတယ်။ ၉၆၉ အသိလူတိုင်းရှိစေဖို့ အသိဖြန့်ဝေတယ်။ တချို့ဒေသတွေမှာ လူမျိုးနဲ့ဘာသာ မကွဲပြားတဲ့သူတွေတောင်ရှိတယ်။ စိတ်ထားတွေကတော့ ၅ပါးသီလကို တန်ဘိုးထားကြတယ်။ ကျမသေရမှာ မကြောက်ပါဘူး၊ ဒါပေမယ့် မသေချင်သေးဘူး၊ အသက်ရှင်နေသေးရင် အမျိုးသားရေး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်သွားနိုင်တယ်။ ဒီတော့ မသေမချင်း အမျိုးကို စောင့်ရှောက်မယ်၊ ထိမ်းသိမ်းမယ်။ ကျမမျိုးဆက်ကြောင့်တော့ သာသနာ မပျက်စေရဘူး။

ဂုဏ်ယူစွာဖြင့် ဖော်ပြပါတယ်
ကိုသီရိ ™ (9. Dec. 2013. Monday)

0 comments:

Post a Comment